နာရီလို့ဆိုလိုက်ရင် ဒီဂျစ်တယ်၊ Analog နာရီတွေထက် နာရီရဲ့ လက်ပတ်ကြိုးကပိုပြီး အရေးကြီးပါတယ်။ တချို့ကတော့ Stainless Steel လက်ပတ်ကြိုးမှ ပိုပြီး စမတ်ကျတယ်လို့ ထင်ကြသလိုပဲ အချို့ကလည်း လယ်သာလက်ပတ်ကြိုးကပဲ ပိုပြီးအဆင့်အတန်းရှိတယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ၊ ဒါက ကိုယ့်အကြိုက်နဲ့ကိုယ်ဆိုတာက ပိုပြီးမှန်ပါတယ်။ ဒါပေမယ့်လည်း လယ်သာကြိုးကို ပတ်ရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် လက်ရှိမှာ အကောင်းဆုံးသော သားရေကြိုးနဲ့ နာရီတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Daniel Wellington Black Leather Watch
DW လို့ လူသိများတဲ့ Daniel Wellington Black Leather Watch က လက်ရှိအချိန်မှာ အကောင်းဆုံးအနက်ရောင်လယ်သာနာရီတစ်လုံးဖြစ်ပါတယ်။ လက်ပတ်ကြိုးအနက်ရောင်မှာမှ လှပပြီး ရိုးရှင်းတဲ့အဖြူရောင် ဒိုင်ခွက်အဖြူက အနောက်တိုင်းဝတ်စုံနဲ့ပဲ ဝတ်ဝတ်၊ သာမန် တီရှပ်တစ်ထည်နဲ့ပဲ ဝတ်ဝတ် ခန့်ညားနေစေမှာပါ။
Shore Projects Black Leather Watch
အခုနာရီကတော့ ရွှေရောင်နာရီဒိုင်ခွက်ဘောင်တစ်ခုထဲက လူကြားထဲမှာ ထင်းနေစေမယ့် နာရီတစ်ခုပဲဖြစ်ပါတယ်။ Shore Projects က နာမည်ကြီးတဲ့ Brand တစ်ခုမဟုတ်ပေမယ့်လည်း အနက်ရောင်လယ်သာလက်ပတ်ကြိုးနဲ့ အနက်ရောင်ဒိုင်ခွက်က လုံးဝလှပနေမှာဖြစ်ပါတယ်။
Triwa Brown Leather Watch
Triwa ရဲ့ လယ်သာကြိုး အညိုရောင်နဲ့ ဒီနာရီကတော့ ယောက်ျားလေးတွေစိတ်ကြိုက်ဖြစ်နေမှာပါ။ ဒိုင်ခွက် ၂ ခုပါဝင်တဲ့အပြင် Logo Design နဲ့ Metal နောက်ခံက အညိုရောင်လယ်သာလက်ပတ်ကြိုးနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ အရမ်းကိုလှပနေပါတယ်။
Daniel Wellington Brown Leather Watch
ဒီတစ်ခါမှာလည်း DW နာရီပဲဖြစ်ပြီးတော့ အခုနက Black Leather ကြိုးလိုမျိုးပဲ ဒိုင်ခွက်ကို အဖြုရောင်နဲ့ လုပ်ပေးထားတဲ့အတွက် အညိုရောင်လယ်သာကြိုးနဲ့ ပိုပြီး လိုက်ဖက်တယ်လို့တောင် ထင်ရပါတယ်။
အခုပြောသွားတဲ့ လယ်သာလက်ပတ်နာရီတွေကတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀ ကနေ ၂၀၀ ကြားရှိမှာဖြစ်ပါတယ်။