အမျိုးသားတို့ရဲ့ အဝတ်ဘီဒိုတွေမှာ အများဆုံးနေရာယူထားတာက ဘာဖြစ်မလဲ။သေချာတာပေါ့ ဘယ်သွားသွားကောက်စွပ်လိုက်လို့ရတဲ့ T-Shirt တွေပါပဲ။ထသွားထလာကနေ လုပ်ငန်းခွင်ထိ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ T-Shirt တွေကတော့ အမျိုးသားတွေရဲ့ လက်စွဲဖြစ်နေတာမဆန်းပါဘူး။ဒါပေမယ့် ဒီ T-Shirt တွေကိုမှ ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ဖက်ရှင်ကျအောင် ရွေးချယ်တတ်ဖို့လဲ လိုသေးတာပေါ့။ဒါကြောင့်ပုရိသတို့ သိထားသင့်တဲ့ T-Shirt အမျိုးစားတွေဖော်ပြပေးလိုက်ပါတယ်။

(၁) Fitting ကျတဲ့ T-Shirt များ

Source : Fashionbeans

ပေါ့ပေါ့ပါးပါးနေချင်လို့ T-Shirt ဝတ်ပါတယ်ဆိုမှ ကျပ်တာဝတ်စရာလိုလို့လားဆိုရင် လိုပါတယ်။T-shirtဝတ်ဆင်ရာမှာ အရမ်းမကျပ်ရင်တောင် အရမ်းပွတာမျိုးကတော့ သင့်ရဲ့ခန္ဓာကိုယ်အလှကို ဖုံးကွယ်စေနိုင်ပါတယ်။ကိုယ်နဲ့အနေတော်ဖြစ်ပြီး တင်ပါးအပေါ်နားထိရှည်တဲ့ t-shirtမျိုးက အကောင်းဆုံးပါပဲ။

(၂) ကြားရောင်များရွေးချယ်မှု

Source : Fashionbeans

ကြားရောင်ဆိုတာကတော့ အောက်ကဘယ်လိုဘောင်းဘီမျိုးနဲ့မဆို တွဲဝတ်နိုင်တဲ့ အရောင်တွေကိုပြောတာပါ။အသားရေအမျိုးမျိုးနဲ့လိုက်ဖက်တဲ့ အနက်၊အဖြူ ၊မီးခိုးနဲ့ နက်ပြာတွေလိုဖြစ်ပါတယ်။ဒီအရောင်ပြောင်t-shirtတွေကတော့ timeless fashionလိုပါပဲ။နေရာဒေသမရွေး အချိန်ကာလမရွေးဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

(၃) အသားရောင်အလိုက် ရွေးချယ်မှု

Source : Fashionbeans

T- Shirt အရောင်ပါတာ ဝတ်တော့မယ်ဆို မိမိအသားရေနဲ့ လိုက်ဖက်မှုရှိမရှိအရင်ဆန်းစစ်သင့်ပါတယ်။သင့်အသားရေနဲ့လိုက်အောင်သာ ရွေးချယ်တတ်မယ်ဆိုစမတ်ကျပြီး ဆန်းသစ်တဲ့အသွင်ဆောင်စေမှာပါ။အသားဖြူသူတွေအတွက် မှောင်ပြီးစိုတာ၊ညိုသူတွေအတွက် တောက်တဲ့ကာလာနဲ့ အလယ်လတ်အသားရေအတွက်ဆိုရင်တော့ အညိုနဲ့လိမ္မော်ကလွဲပြီးကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။

(၄) လည်ပင်းပေါက်ပုံစံ

Source : Fashionbeans

သင့်ရဲ့ခန္ဓာကိုယ်အချိုးစားကိုသာမက မျက်နှာကျကိုပါ ပိုပြီးသိသာပြေပြစ်စေဖို့ အဓိကထားရွေးချယ်သင့်တာကတော့ လည်ပင်းပေါက်ပုံစံပါ။ခပ်ပြည့်ပြည့်မျက်နှာနဲ့ အရပ်ပုတဲ့ပုရိသတို့အတွက်ဆို Vပုံစံရွေးချယ်ရင် လည်တိုင်ပိုရှည်စေပြီး မျက်နှာကိုသွယ်သယောင်ဖြစ်စေပါတယ်။ရင်အုပ်သေးပြီး ပုခုံးလျောတဲ့သူတွေအတွက်ဆိုရင်တော့ လည်ပင်းအဝိုင်းကအထူးသင့်တော်ပါတယ်။