ဒီလအတွင်းမှာ ပရိသတ်ရင်ထဲ ငြိတွယ်နေတဲ့ INTERNATIONAL SONGS လေးတွေနဲ့လည်း ထပ်ပြီးမိတ်ဆက်ပေးချင်ပါသေးတယ်။ ခုလတ်တလောမှာ လူတွေရဲ့ နားစည်တွေထဲ ခုန်ပေါက်မြူးကြွနေတဲ့ တေးသီချင်းတွေက ဘာတွေဖြစ်မလဲ။ INTERNATIONAL SONGS CRAZY တွေအတွက် သြဂုတ်လအတွင်းရေပန်းစားနေတဲ့ INTERNATIONAL SONGS တွေကို ဖော်ပြပေးလိုက်တယ်နော်။

IN MY FEELINGS

ဒီသီချင်းလေးကတော့ ဒီ သြဂုတ်လအတွက် ရေပန်းအစားဆုံးသီချင်းလေးပါ။ Kiki…Do you love me? ဆိုတဲ့ စာသားဟာ ကမ္ဘာပတ်ပြီးတော့ကို လူတိုင်းလိုလို Challenge လုပ်နေတဲ့ တေးသီချင်းလေးပါ။ မြန်မာနိုင်ငံက လူတွေတောင် Kiki Challenge ကို လုပ်နေကြတာတွေ့ရမှာပါ။ သြဂုတ်လရဲ့ ရေပန်းအစားဆုံးတေးသီချင်းမှာ ဒီသီချင်းက ထိပ်ဆုံးက ရပ်တည်နေပါတယ်။

LIVE IT UP

ဒီသီချင်းလေးကတော့ NICKY JAM ရဲ့ တေးသီချင်းဖြစ်ပြီး WILL SMITH နဲ့ ERA ISTREFI တို့က Featuring အနေနဲ့ ပါဝင်သီဆိုထားပါတယ်။ မကြာသေးခင်ကမှ ကျင်းပပြုလုပ်ခဲ့တဲ့ 2018 FIFA World Cup Russia တေးသီချင်းလေးပါ။ သြဂုတ်လရဲ့ လူကြိုက်များတဲ့ တေးသီချင်းတွေထဲက တစ်ပုဒ်ပါပဲ။

I LIKE IT

CARDI B   ၊   J BALVIN  နဲ့  BAD BUNNY တို့ သုံးယောက်ပေါင်းသီဆိုထားတဲ့ အမြူးစား အလန်းစား I like it ဆိုတဲ့ သီချင်းကလည်း ဒီလရဲ့ ရေပန်းအစားဆုံး တေးသီချင်းစာရင်းဝင်ဖြစ်ပါတယ်။ မြူးကြွတဲ့ သံစဉ်က နားထောင်ရင်းနဲ့ကို ထကချင်စိတ်ပေါက်လာအောင် ကြွရွနေတဲ့ တေးသီချင်းပါ။

BACK TO YOU

SELENA GOMEZ  ရဲ့ back to you ဆိုတဲ့ သီချင်းကလည်း ဂျက်စတင်ဘီဘာရဲ့ မင်္ဂလာသတင်းပေါ်ထွက်ချိန်မှာ ပြန်လည်ပြီး တဟုန်ထိုး ပေါက်လာတဲ့ တေးသီချင်းပါ။ သြဂုတ်လရဲ့ ရေပန်းအစားဆုံးတေးသီချင်းထဲမှာလည်း ဒီသီချင်းလေးက ပြန်လည် ပါဝင်လာခဲ့ပါတယ်။

GIRLS  LIKE  YOU

MAROON 5  ရဲ့ GIRLS LIKE YOU သီချင်းလေးကလည်း သြဂုတ်လရဲ့ ရေပန်းအစားဆုံး တေးသီချင်းတွေထဲမှာပါဝင်နေပါတယ်။ ကောင်မလေးကို စာသားနုနုရွရွလေးတွေနဲ့ ချုပ်ထားတဲ့တေးသီချင်းပါ။ စာသားကြောင့် လူကြိုက်များတာဖြစ်သလို MV ရိုက်ကူးမှုကလည်း ရိုးရှင်းပြီး ဆွဲဆောင်နိုင်တာကြောင့် လူကြိုက်များတဲ့ တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

FRIENDS

MARSHMELLO  နဲ့  ANNE MARIE တို့ရဲ့ Friends ဆိုတဲ့ သီချင်းလေးကလည်း လူကြိုက်များလှပါတယ်။ သူငယ်ချင်းအဆင့်ကတက်ချင်နေတဲ့ ကောင်လေးနဲ့ သူငယ်ချင်းလိုကလွဲပြီး ခံစားလို့မရတဲ့ကောင်မလေးတို့ရဲ့ အားပြိုင်မှုကို ပြသထားတဲ့ တေးသီချင်းလေးပါ။ ချစ်စရာကောင်းလွန်းတဲ့ MV ကလည်း ပရိသတ်ရင်ကို ငြိစေခဲ့ပါတယ်။