သီချင်းတွေဟာ ခေတ်နဲ့ ယှဉ်ပြီးပြောင်းလဲနေတာပါ။ အဲ့ဒီလိုမျိုးပဲ သီချင်းတွေကို ရေးထားတဲ့ မဂ္ဂဇင်းတွေကလည်း ခေတ်နဲ့လိုက်ပြီး ပြောင်းလဲနေခဲ့ပါတယ်။ အခုလိုမျိုး မျိုးဆက်အလိုက် ပြောင်းလဲခဲ့တဲ့ Pop မဂ္ဂဇင်းတွေကိုလေ့လာကြည့်ကြရအောင်လား။

1. Seventeen (1944-Present)

၁၉၄၄ ခုနှစ်တုန်းက ဆယ်ကျော်သက်တွေကို ရည်ရွယ်ခဲ့တဲ့ Seventeen မဂ္ဂဇင်းဟာ ခေတ်အလိုက် အအောင်မြင်ဆုံး Pop အဆိုတော်တွေကို ဖော်ပြနိုင်ခဲ့တဲ့ မဂ္ဂဇင်းတစ်ခုလည်းဖြစ်ပါတယ်။ One Direction ၊ Pink ၊ Taylor Swift နဲ့ Selena Gomez စတဲ့ ဆယ်ကျော်သက်တွေကြားထဲမှာ အောင်မြင်နေတဲ့ အဆိုတော်တွေပါဝင်ခဲ့ပါတယ်။

2. Jackie (1964-1993)

Jackie မဂ္ဂဇင်းကတော့ Dundee Firm DC Thomson က ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ မဂ္ဂဇင်းမှာ “for go-ahead teens” ဆိုတဲ့ နာမည်နဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခု Jackie မဂ္ဂဇင်းက လွန်ခဲ့တဲ့ ၇၀ ခုနှစ်တွေနဲ့ ၈၀ ခုနှစ်တုန်းက ခေတ်အစားဆုံး မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။

3. Tiger Beat (1965-Present)

ဒီမဂ္ဂဇင်းကတော့ လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်ထဲက အောင်မြင်ခဲ့တဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပြီးတော့ The Righteous Brothers ၊ Chuck Berry နဲ့ The Beatles အဖွဲ့ဆိုရင်လည်း ၂ ကြိမ်တောင် အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

4. Smash Hits (1978-2006)

ဒီ မဂ္ဂဇင်းက ထုတ်ခဲ့တဲ့အချိန်တိုတောင်းပေမယ့် ထင်ရှားခဲ့တဲ့ မဂ္ဂဇင်းတစ်ခုပါ၊ Bon Jovi ၊ U2 တို့ကို အင်တာဗျူးနိုင်ခဲ့တဲ့ မဂ္ဂဇင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။