တစ်ချို့သော ရုပ်ရှင်တွေဟာ သာမန်ဇာတ်လမ်းတစ်ခုကို အခြေခံထားတာမျိုးမဟုတ်ဘဲ တေးဂီတနဲ့ပါပေါင်းစပ်ပြီး ထုတ်လုပ်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် ပုံမှန်စကားပြောတဲ့အခန်းတွေထက် သီချင်းဆိုပြီး ကနေတာက ပိုများနေပါတယ်။
အခုလိုမျိုး Musical ရုပ်ရှင်တွေက ကြိုက်နှစ်သက်သူတွေလည်းရှိသလိုပဲ မကြိုက်တဲ့သူတွေလည်း ရှိနေတဲ့အတွက် လူတိုင်းအတွက်တော့ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ အကောင်းဆုံးသော Musical ရုပ်ရှင်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
1. La La Land
Source: digitalspy.com
La La Land ရုပ်ရှင်ကတော့ အကောင်းဆုံးဖြစ်လာတာက သာမန် Musical ရုပ်ရှင်တစ်ခုဆိုတာထက် အများကြီးပိုနေတာကြောင့်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သုံးသွားတဲ့ အရောင်တွေ၊ လူတွေရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသွားတာတွေနဲ့ အခြားသော ဆက်တင်တွေ၊ သီချင်းတွေအကုန်လုံးက လုံးဝကို အကောင်းဆုံးသော အခြေအနေမှာ ရှိနေတာကြောင့်ဖြစ်ပါတယ်။
2. Les Miserables
Source: digitalspy.com
ဒီရုပ်ရှင်ကတော့ ယခင်တုန်းက ၁၉ ရာစုနှစ်တွေတုန်းက ပြင်သစ်တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ရုပ်ရှင်တစ်ခုဖြစ်ပြီးတော့ ထောင်ဖောက်ပြေးသွားတဲ့ Jean Valjean နဲ့ သူ့ရဲ့ သမီးဖြစ်သူ Cosette တို့ ၂ ယောက် အနောက်ကနေ အမြဲလိုက်နေတဲ့ ရဲ Javert ကနေ လွတ်အောင်ပြေးတာကို အကောင်းဆုံးရိုက်ကူးနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
3. Sweeney Todd : The Demon Barber of Fleet Street
Source: digitalspy.com
Johnny Depp ရဲ့ အောင်မြင်တဲ့ဒီရုပ်ရှင်ကလည်း Musical ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ လန်ဒန်မြို့ဟောင်းက ဆံပင်ညှပ်ဆိုင်မှာ လူတွေသတ်နေတဲ့ Sweeney Todd တဖြစ်လဲ Johnny Depp ရဲ့ ရုပ်ရှင်ဟာ ကြောက်ဖို့လည်းကောင်းသလို ကြည့်ရတာလည်း တကယ်ကို စိတ်ဝင်စားစရာပါ။
4. Once
Source: digitalspy.com
ဒီရုပ်ရှင်ကတော့ သာမန် Indie ရုပ်ရှင်တစ်ကားပဲဖြစ်ပေမယ့် အော်စကာဆုတွေပါ စကာတင်စာရင်းထဲရောက်ခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ နာမည်ကြီးတွေဖြစ်တဲ့ Glen Hansard နဲ့ Marketa Irglova တို့ရဲ့ အကောင်းဆုံးသော Music Arrangement တွေကို အတိုင်းသားကြားနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။