CoCo ကာတွန်းကို ကြည့်ဖူးကြတယ် မဟုတ်လား။ Musical Animation အမျိုးအစားလို့ ပြောရရင်လည်းမမှားပါဘူး။ ဒီ CoCo ကာတွန်းဇာတ်လမ်းတွဲထဲက Remember Me သီချင်းလေးဟာ မကြာခင်ကကျင်းပသွားတဲ့ 2018 Oscar ဆုပေးပွဲကြီးမှာ တကယ့် ဇာတ်ကားကောင်းကြီးတွေဖြစ်တဲ့ Mudbound ၊ Call Me By Your Name ၊ The Greatest Showman နဲ့ Marshall စတဲ့ဇာတ်ဝင်တေးတွေ အနက်မှ အကောင်းဆုံးသီချင်းဆု Best Orginal Song Award ကိုဆွတ်ခူးသွားနိုင်တာပဲဖြစ်ပါတယ်။

Source : gbtimes.com

သီချင်းလေးဟာ မက္ကစီကန် အငွေ့အသက်လေးပါ ရောယှက်နေမှာဖြစ်ပါတယ်။ Oscar စင်မြင့်ထက်မှာလည်း ဖျော်ဖြေခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

Source : mx.emedemujer.com

ဤ Remember Me သီချင်းလေးနဲ့ ဆုရရှိသူနှစ်ဦးဟာ တခြားသူတွေမဟုတ်ပါဘူး ၂၀၁၄ အော်စကာမှာ တုန်းကလည်း Frozenကားတွန်းထဲမှ Let It Go ဇာတ်ဝင်တေးလေးကို ရေးစပ်ပြီးဆုရရှိဖူးတဲ့ Kristen Anderson-Lopez နဲ့ Robert Lopez တို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့ရေးစပ်ခဲ့တဲ့ သီချင်းဟာ ဘယ်လောက်ပြောင်မြောက်ခဲ့လည်းဆိုရင် Emmys Award အပြင် Grammy ဆုကိုလည်း ရရှိပိုင်ဆိုင်ဖူးသူတွေလည်း ဖြစ်ပါတယ်။ အသက် ၃၀ကျော်ပဲရှိသေးတဲ့ သူတို့နှစ်ဦးရဲ့အောင်မြင်မှုဟာ တကယ်အံ့မခန်းပါပဲ။

Source : pitchfork.com

CoCo ကာတွန်းကြည့်ဖူးသူများကတော့ Theme Song လေးဖြစ်တဲ့ Remember Me ကိုသတိထားမိကြမှာပါ။ မနားထောင်ဖူးမိသေးဘူး ဆိုရင်တော့ သူ့တို့ရဲ့လက်ရာမြောက်လှတဲ့ ဇာတ်ဝင်တေးလေးကို နားဆင်ကြည့်သင့်ပါတယ်။ Let it go တုန်းကလိုပဲ ဘဝအဓိပ္ပာယ်ကို ဖော်ညွှန်းထားတဲ့အပြင် တစ်ခါနားထောင်တာနဲ့ ပါးစပ်ထဲဆွဲသွားစေမယ့် အနှစ်သာရပြည့်တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ကဲ…အခုပဲနားဆင်ကြည့်လိုက်နော်။

Source : CNN.com