ကွီးတို့အားလုံး ပျိုမေတို့ အမြဲတမ်းကိုယ့်အနားမှာ ဝဲနေတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ချင်ကြမှာပါပဲ။ ပီယအပြည့်နဲ့ ညှို့အားအရမ်းကောင်းနေဖို့အတွက် ကူဖော်ကူဖက်လေးတွေ လိုအပ်လာမယ်နော်။ အဲဒါဘာလဲဆိုရင် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ Perfume ပဲဖြစ်ပါတယ်။ ဒီအတွက် ညှို့အားအကောင်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ယောကျာ်းတစ်ယောက်အဖြစ်အသွင်ပြောင်းပေးမယ့် Perfume Brands တွေကို ညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
Thierry Mugler – A*Men Pure Malt (EDT)
Source: FashionBeans.com
Thierry Mugler ဟာ Perfume တွေထဲမှာ ကွဲထွက်နေတဲ့ ရနံ့ကို ထုတ်လုပ်လေ့ရှိတဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ Thierry Mugler ထုတ်လုပ်ထားတဲ့ A*Men Pure Malt (EDT) ကို အသုံးပြုလိုက်မယ်ဆိုရင် ကိုယ့်ထက်ချောပါတယ်ဆိုတဲ့သူတွေတောင်မှု သိမ်ငယ်သွားအောင်နိုင်တဲ့အထိ ဆွဲတောင်မှုကောင်းစေမှာဖြစ်ပါတယ်။
Dior Sauvage (Eau De Toilette)
Source: FashionBeans.com
Dior ဟာ ဘယ်တော့မှ Quality ကျမသွားတဲ့ Brand တစ်ခုဖြစ်သလို ကိုယ်ရဲ့ Personal Image ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်တဲ့ Brand လည်းဖြစ်လို့နေပါတယ်။ ဒီထဲမှာမှ Dior Sauvage ဟာဆိုရင် သူရဲ့ ရနံ့ကိုရလိုက်တဲ့ မိန်းကလေးတိုင်း မပျော်ဝင်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်မှုကောင်းလွန်းနေပါတယ်။ Dior Sauvage Perfume ဟာ တစ်နေ့တာလုံး ကြာရှည်ခံတော့ ပိုပြီး ညှို့အားပိုကောင်းစေတာပေါ့။
Creed Aventus (Eau De Parfum)
Source: FashionBeans.com
Creed Aventus ဟာ မိန်းမသားထုကြီးတစ်ခုလုံးကို အချိန်တစ်ခုခဏအတွင်းမှာ သိမ်းပိုက်နိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ညှို့စွမ်းအားတွေကို ပေးစွမ်းနိုင်တဲ့ Perfume Brand တစ်ခုဆိုရင် ကွီးတို့အံ့သြသွားလေမလား။ မအံ့သြပါနဲ့။ တကယ်ကို ပေးစွမ်းနိုင်တဲ့ Perfume ဖြစ်ပါတယ်နော်။ သူရဲ့ ရနံ့ဟာ ချိန်းတွေ့တဲအခါပဲဖြစ်စေ၊ ခရီးသွားနေတဲ့အခါမှာပဲဖြစ်စေ၊ ပွဲသွားပွဲလာ ပွဲတက်တဲ့အခါမှာပဲဖြစ်စေ နေရာမရွေးသင့်တော်ပြီး လိုက်ဖက်ညီလွန်းတဲ့ ရနံ့ဖြစ်ပါတယ်။ Creed Aventus (Eau De Parfum) ကျန်တာ ဘာမှ မလိုလောက်တော့ဘူးနော်။ အရာရာအားလုံးပြီးပြည့်စုံပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ယောကျာ်းတစ်ယောက်အဖြစ် လူပုံအလယ်မှာ ရင်ကော့ပြီး ကြွားကြွားဝင့်ဝင်နဲ့နေနိုင်ပါပြီလေ။