တေးဂီတတိုင်းဟာ အနုပညာပါ။ သို့ပေမယ့် တစ်ချို့သော အဆိုတော် တွေကတော့ သီချင်း စာသားတွေကို ကဗျာဆန်ဆန် အသက်သွင်းတတ်ကြပါတယ်။ အချစ်သီချင်းတစ်ပုဒ်ကို နားထောင်တဲ့အခါ အချို့က သံစဉ်တွေကို အလေးပေးပြီးခံစားသလို တစ်ချို့ကတော့ စာသားတွေနဲ့ ထပ်တူကျလိုက်ဖီးလ်ကြပါတယ်။ စာသား(Lyric) အနှစ်ကြီးတွေပဲ ခံစားနားဆင်ချင်သူများအတွက် Drama Queen အဆိုရှင်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
သူတို့ရဲ့စာသားတွေဟာ ဘယ်လောက်ထိ အဓိပ္ပာယ်ရှိသလဲဆိုရင် သင့်ရဲ့စိတ်ခံစားမှုကို ထိတ်ဆုံးထိဆွဲခေါ်သွားနိုင်စွမ်းရှိပါတယ်။ သီချင်းတစ်ပုဒ်ဟာ သံစဉ်ကောင်းရုံနဲ့တင် မပြီးသေးပါဘူး စာသားတွေ ပရိသတ်ရင်ထဲကို ထိမထိဆိုတာလဲအရေးပါလှပါတယ်။ စာလုံးတိုင်းစီမှာသူ့ပါဝါနဲ့သူရှိလို့ တေးရေးဆရာ ကဗျာစရာတွေဟာ အနုပညာလောကမှာ မရှိမဖြစ် နေရာတစ်နေရာ ရစမြဲပါ။
Source: freegreatpicture.com
သူတို့လို ကမ္ဘာနဲ့ချီပြီးကျော်ကြားဖို့ဆိုရင်တော့ တော်ရုံအရည်အချင်းတွေနဲ့တော့မရဘူးလေ။ သီချင်းကိုကဗျာစာသာဆန်ဆန် လှပစွာဖန်တီးနိုင်ဖို့ ဆိုတာကလည်း ထင်သလောက်မလွယ်လှပါဘူး။ အဲ့ဒီပါရမီတွေကို စာရေးသူ ခုပြောပြပေးမယ့် အဆိုရှုင်တွေဆီမှာတွေ့နိုင်မှာပါ။ စာသားအလန်းလေးတွေဆိုတဲ့ မိန်းကလေးအဆိုရှင်၇ဦး နဲ့ သူတို့ရဲ့အဆွေးသီချင်းတွေအောက်မှာ ဝေမျှပေးလိုက်ပါတယ်။ တော်တော်များများ ကိုတော့ သီချင်းချစ်သူတွေ သိပြီးနှင်ကြပြီဖြစ်မှာပါ။ မသိသေးတဲ့သီချင်းတွေပါရင်လည်း ခံစားကြည့်ကြပါဦး စာရေးသူပြောတာ မှန်လားမမှန်လားဆိုတာ…
၁။ Adele ရဲ့Remedy
၂။ HaleStorm ရဲ့ Break In
၃။ Halsey ရဲ့ Color
၎။ Icon For Hire ရဲ့ Happy Hurts
၅။ Zella Day ရဲ့ Compass
၆။ Kesha ရဲ့ Praying
၇။ Little Mix ရဲ့ Good Enough