အင်တာဗျူးတွေ ဖြေဆိုကြတဲ့အခါ လူတိုင်းက အင်တာဗျူးမေးမြန်းသူရဲ့ မေးခွန်းတွေကိုသာ သူတို့စိတ်တိုင်းကျ ဖြေဆိုလာကြတာများပါတယ်။ ဒီအလေ့အထကြီးကို တွန်းလှန်လိုက်ပါတော့။ ကိုယ့်မှာ အရည်အချင်းတွေလည်းရှိတယ် လုပ်ငန်းအတွေ့အကြုံတွေလည်း ရှိနေတယ် ဒီလိုဆို ယုံကြည်မှုရှိရှိနဲ့ ကိုယ်ကတန်ပြန်မေးခွန်းတွေ ပြန်မေးသင့်ပါတယ်။

လစာအတိအကျ

Source: askhuha.com/wp-content

လစာအတိအကျ ညှိနှိုင်းပါ။ အစမ်းခန့်မှာ ဘယ်လောက်ပေးပြီး အတည်ဝန်ထမ်းဖြစ်သွားတဲ့အခါမှာ ဘယ်လောက်ပေးမယ်ဆိုတာတွေကို သေချာမေးမြန်းညှိနှိုင်းဆွေးနွေးပါ။ ဒီလိုသေချာမညှိနှိုင်းထားရင် သင့်အတွက် တချိန်မှာ စိတ်ပျက်စရာတွေ ကြုံလာပါလိမ့်မယ်။

ဘယ်ချိန်လစာတိုးမှာလဲ

Source: aprovabancarios.com

ဒီမေးခွန်းကလည်း အထူးလိုအပ်တဲ့မေးခွန်းပါ။ အစမ်းခန့်ကာလတွေ ကျော်လွန်ခဲ့ရင် စာချုပ်သက်တမ်းပြည့်သွားခဲ့ရင် လစာတိုးမှာလားဆိုတဲ့မေးခွန်းကို အင်တာဗျူးချိန်မှာ မဖြစ်မနေမေးထားရပါမယ်။

ကိုယ့်ရပိုင်ခွင့်တွေက ဘာတွေလဲ

Source: amazonaws.com

ကိုယ်ဒီအလုပ်ကို တာဝန်ယူလုပ်ကိုင်မယ်ဆိုရင် ကိုယ်လုပ်ကိုင်နေတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း ဘယ်လိုရပိုင်ခွင့်တွေ ကိုယ့်အတွက် ရလာနိုင်သလဲဆိုတာလည်း ထည့်ပြီးမေးထားရပါမယ်။ ကိုယ်က ဒီလုပ်ငန်းထဲမှာ ကိုယ့်အချိန်တွေ၊ ကိုယ့်လုပ်အားတွေကို နှစ်မြှုပ်လုပ်ကိုင်မှာဖြစ်တဲ့အတွက် ဘယ်လိုရပိုင်ခွင့်တွေ ပြန်ရနိုင်မလဲဆိုတာလည်း သိထားသင့်ပါတယ်။

အနာဂါတ်မျှော်မှန်းချက်တွေက သေချာရဲ့လား

Source: www.hergamut.in

ဒီအလုပ်က ကိုယ့်အတွက် အနာဂတ်ရည်မှန်းချက်တွေ သေချာရဲ့လားဆိုတဲ့ မေးခွန်းကတော့ သွေးတိုးစမ်းတဲ့ မေးခွန်းလည်း ဖြစ်သလို ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူတစ်ယောက် အလုပ်ကြိုးစားမယ့်သူတစ်ယောက်ဖြစ်ကြောင်းကို မေးခွန်းတွေထဲကနေ ပြသလိုက်တာပဲဖြစ်ပါတယ်။