မိုးတွင်းလို့ဆိုလိုက်တာနဲ့ မိုးအေးအေးလေးမှာ နွေးနွေးထွေးထွေးလေး ဝတ်ပြီး ကော်ဖီခွက်ပူပူလေးနဲ့ ကိုယ်ကြိုက်တဲ့ တေးသီချင်းလေးတွေနဲ့ ငြိမ့်နေရတာက ဘဝရဲ့ ငြိမ်းချမ်းမြေပါပဲ။ ဘယ်လိုတေးသီချင်းတွေက မိုးအေးအေးလေးနဲ့ လိုက်ဖက်တယ်လို့ထင်ပါသလဲ။ ခု မိုးအေးအေးလေးနဲ့ ငြိမ့်လို့ရမယ့် တေးသီချင်းတွေက ဘယ်လို တေးသီချင်းတွေဖြစ်မလဲ။ မိုးရာသီနဲ့ပတ်သက်ပြီး သီဆိုထားတဲ့တေးသီချင်းဖြစ်သလို ပရိသတ်တွေရင်ဘတ်နဲ့လည်း ငြိတဲ့တေးသီချင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရင်ထဲက မိုးစက်များ  – ထူးအိမ်သင် + လေးဖြူ

Source: htooeainthin.wordpress.com

ရင်ထဲက မိုးစက်များ…နာကျင်သောဘ၀ရဲ့ မျက်ရည်များလား…ဒီရင်ထဲက မိုးစက်ပွင့်များ…ကမ္ဘာမြေပေါ် စီးဆင်းသွားနေတယ်
သီချင်းတစ်ပုဒ်အဖြစ်  စီးဆင်းသွားကြပြီလား ….. စာသားလေးတွေက ဟက်ထိတယ်နော်။ ဒီတေးသီချင်းကတော့ ဂီတအပေါ် အမြတ်တနိုးခုံမင်ပြီး သွေးသားထဲ ဂီတတွေ စီးဝင်နေတဲ့ အဆိုကျော်တွေရဲ့ တေးသီချင်းပါ။

မိုးသည်းတိုင်းလွမ်းတယ် – ဒီဖြိုး

Source:www.pinterest.es

ကဲ မိုးအေးအေးမှာ သည်းထန်နေတဲ့ မိုးတွေကို ငေးရင်း ဘယ်သူ့ကို လွမ်းဖူးသလဲ။ မိုးရွာတိုင်း လွမ်းတတ်သူတွေအဖို့တော့ ဒီဖြိုးက မိုးသည်းတိုင်း လွမ်းပါသတဲ့ကွယ်။ ဒီသီချင်းလေးကလည်း သည်းသည်းထန်ထန်ရွာနေတဲ့ မိုးစက်တွေကို ငေးရင်းဖီးလ်လို့ ကောင်းတဲ့သီချင်းလေးပါပဲ။

မုတ်သုံမိုး  – အဲလက်စ်

ဒီသီချင်းလေးကလည်း မိုးနဲ့ပတ်သက်ပြီး ဖီးလ်လို့ရတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ထဲပူလောင်တာတွေ များနေပြီလား။ ဒါဆို ပူလောင်နေတဲ့စိတ်အစဉ်ကို မုတ်သုံမိုးနဲ့ဆေးချဖို့တော့ လိုလိမ့်မယ်နော်။ အဆိုတော် အဲလက်စ်ကတော့ မုတ်သုံမိုးနဲ့ ရွာချလိုက်ပါတဲ့။

မူယာမာယာမိုး  –  ဇော်ဝင်းထွဋ်

Source: mmtimes.com

ရွာမယ်ဆိုရင် သည်းပါကွယ်…မရွာပဲလည်း လှည့်ရှောင်ပြေးတယ်…..သူညာပါတယ် တကယ့်ကိုပဲကွယ်…..မချစ်ပဲနဲ့ ကိုယ့်စိတ်နွမ်းနယ်..ဒီသီချင်းလေးထဲကလို ရွာမလို မရွာမလို ကြိုးရှည်ရှည်လှန်ထားတဲ့ချစ်ရတဲ့သူရှိနေပြီလား။  ဒါဆိုရင်တော့ မူယာမာယာပိုနေတဲ့ ကိုယ့်ချစ်သူကို ဒီ မူယာမာယာမိုး သီချင်းလေးနဲ့ ဖီးလ်ကြမယ်နော်။

မိုး  -မျိုးကြီး

Source: nanmalgyi.com

မိုးစက်တွေနဲ့ ..
လေနဲ့ရောပြီး အပြေးနှင်လို့ ရွာလေတိုင်း
ကန်ရေထက်မှာ ငြိမ်သက်ခြင်းများ ပျက်ပြယ်
လှိုင်းများ လှုပ်ခတ်သွားတိုင်း
ငါ့ရင်ထဲမှာ
အနယ်မထိုင်သေးတဲ့ အကြောင်းတွေ
နိုးထမြဲ အလွမ်းများ…. ကဲ  ဒီသီချင်းလေးကလည်း မိုးရွာပြီဆိုတာနဲ့ မရည်ရွယ်ပါဘဲ နှုတ်ဖျားက အလိုလို ထွက်ကြလာတဲ့သီချင်းလေးပါ။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ညည်းဆိုနေတတ်ကြတဲ့ တေးသီချင်းဖြစ်ပြီး မကြိုက်သူ မရှိသလောက်ရှားတဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။

မိုး  – ရဲလေး

Source:welovecele.com

ဒီသီချင်းကလည်း အားလုံးကြိုက်ကြတဲ့ သီချင်းပါ။ ဒီ မိုး သီချင်းကြောင့်ပဲ အဆိုတော်ရဲလေး ရယ်လို့ ပရိသတ်အသိအမှတ်ပြုခံခဲ့ရတယ်ဆိုလည်း မမှားပါဘူး။ ကောင်မလေးကို အသည်းအသန်ချစ်ရတဲ့အကြောင်း သီဆိုထားတဲ့စာသားကြောင့် လူကြိုက်များတာဖြစ်သလို MTV ကလည်း ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်ခဲ့ပါတယ်။

ကဲ…ဖော်ပြပေးခဲ့တဲ့ မိုးသီချင်းလေးတွေနဲ့ မိုးအေးအေးမှာ ဖီးလ်ကြမယ်နော်…။