ဒီစက်တင်ဘာလရဲ့ ပရိသတ်အကြိုက်တွေ့ဆုံး တေးသီချင်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ စက်တင်ဘာလအတွင်း ပရိသတ်အရမ်းကို ကြိုက်နှစ်သက်ပြီး လူတိုင်းလိုလို နားထောင်နေကြတဲ့ တေးသီချင်းတွေက ဘယ်တေးသီချင်းတွေပါလိမ့်။
၁. ကိုယ်စောင့်နတ်

Source: Legacy Music Network
အဆိုတော် ဖိုးပြည့် ရေးပြီး ဖိုးပြည့်ကိုယ်တိုင် သီဆိုထားတဲ့ ကိုယ်စောင့်နတ် ဆိုတဲ့ တေးသီချင်းက တေးချစ်သူ ပရိသတ်တွေကို ဖမ်းစားထားနိုင်ဆုံး တေးသီချင်းပဲဖြစ်ပါတယ်။ စက်တင်ဘာလရဲ့ ရေပန်းအစားဆုံးတေးသီချင်းတွေထဲမှာ ဒီသီချင်းက ထိပ်ဆုံးက နေရာယူနေပါတယ်။
၂.လိုသလိုသုံး
Source: Thar Deelu Facebook
ဒုတိယ တစ်ပုဒ်ကတော့ လိုသလို သုံး ဆိုတဲ့ တေးသီချင်းပါ။ ဒီသီချင်းလေးကလည်း အဆိုတော် သာဒီးလူကိုယ်တိုင် ရေးဆိုထားတဲ့ တေးသီချင်းပါ။ ဒီသီချင်းရဲ့ အဓိက အဆွဲဆောင်နိုင်ဆုံးအချက်ကတော့ သီချင်းစာသားပါပဲ။ အရမ်းကို ကောင်းလွန်းတဲ့ အချစ်နဲ့ ပတ်သက်တဲ့ စာသားကြောင့် ပရိသတ်ရဲ့ ရင်ကို ထိခဲ့တဲ့ တေးသီချင်းပါ။
၃.ကျွန်မ
Source: Legacy Music Network
နံပါတ်သုံးနေရာမှာတော့ ကေကေမိုးရဲ့ ကျွန်မ ဆိုတဲ့ တေးသီချင်းလေးပါ။ မိန်းကလေး ပရိသတ်တွေသာမက ယောက်ျားလေး ပရိသတ်တွေပါ အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ တေးသီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ ဘဝကို ပုံဖော်ထားတဲ့ တေးသီချင်းဖြစ်ပြီး ရေးသူကတော့ တေးရေးဆရာ ဝေကြီးပါ။
၎.တကယ်ဝေးခဲ့ရင်
Source: Ngwe Soe Facebook
တကယ်ဝေးခဲ့ရင်…ဆိုတဲ့ တေးသီချင်းသစ်လေးကလည်း စက်တင်ဘာလအတွက် ရေပန်းစားတဲ့ တေးသီချင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒီသီချင်းကိုတော့ တေးရေး နေဝါ က ရေးသားထားပြီးတော့ အဆိုတော်ကတော့ ငွေစိုးပါ။ The Voice Winner အဆိုတော် ငွေစိုးရဲ့ တေးသီချင်းဖြစ်ပါတယ်။
၅.အသည်းကွဲတယ်ဆိုတာ
Source: Legacy Music Network
အဆိုတော် ရဲလေး ရေးထားပြီး တေးသံရှင် နင်ဇီမေက ကာဗာဆိုထားတဲ့ ဒီ အသည်းကွဲတယ်ဆိုတာ ဆိုတဲ့တေးသီချင်းကလည်း စက်တင်ဘာလ ရဲ့ ရေပန်းအစားဆုံး တေးသီချင်းပါပဲ။ ဒီသီချင်းကို အဆိုတော်ရဲလေး သီဆိုထားပေမယ့်လည်း မိန်းကလေးဗားရှင်းကို ပရိသတ်တွေက ပိုသဘောကျကြပါတယ်။
၆.မောင်မငိုရဘူးနော်
Source: Legacy Music Network
နောက်ဆုံး သီချင်းလေးကတော့ မောင် မငိုရဘူးနော် ဆိုတဲ့ တေးသီချင်းပါ ။ ဒီသီချင်းဟာ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားကြီးထဲက လူကြီုက်အများဆုံးဖြစ်တဲ့ တေးသီချင်းလေးပါ။ တေးရေးကတော့ အဆိုတော် လွှမ်းပိုင် ဖြစ်ပြီး အဆိုတော် ကေကေမိုး သီဆိုထားတာပါ။