Queen ဆိုတာကတော့ ယခင် ၈၀ ခုနှစ်တွေတုန်းက လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Rock Band တစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ Queen အဖွဲ့ကို လူကြိုက်မများတော့ဘူးဆိုပေမယ့် မကြာခင်မှာ ပြသတော့မယ့် Bohemian Rhapsody ရုပ်ရှင်ဇတ်ကားကြောင့် Queen ရဲ့ သီချင်းတွေဟာ ပြန်လည်လူကြိုက်များနိုင်ပါတယ်။

အခု Article မှာတော့ Queen အဖွဲ့ရဲ့ တခေတ်တခါက အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဖော်ပြပေးသွားမှာပါ။

Bohemian Rhapsody

ထပ်ကျော့ သီဆိုမှုပေါင်း အခေါက် ၁၈၀ နဲ့ အချိန် ၃ ပတ်ကြာ Record ပြုလုပ်ခဲ့ရတဲ့ ဒီသီချင်းက ဂီတသက်တမ်းတလျှောက်လုံးမှာ ဈေးအကြီးဆုံး Single ဆိုရင်လည်း မမှားပါဘူး။ ထွက်ထွက်ချင်းမှာတင် Top 10 နေရာကို ဗိုလ်စွဲခဲ့ပေမယ့် သီချင်းက ၆ မိနစ်လောက်ကို ကြာတဲ့အတွက် ရေဒီယိုတွေမှာ ဖွင့်ပြချင်းမရှိခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းက Suicide Squad ရုပ်ရှင်ဇတ်ဝင်တေးအနေနဲ့ ထည့်သွင်းလာတဲ့အတွက် ဒီ Queen ဆိုလိုက်တာနဲ့ Bohemian Rhapsody ဆိုပြီး တန်းသိတဲ့ဒီသီချင်းကတော့ မဖြစ်မနေနားထောင်ကြည့်သင့်ပါတယ်။

We Are the Champions/We Will Rock You

Queen ကို ယနေ့ခေတ်လူငယ်တွေသာ မသိချင်မသိတော့မယ်။ သူ့ရဲ့ သီချင်းတွေကတော့ အမြဲတမ်းရှင်သန်နေဦးမှာပါ။ ဒီ We Are the Champions နဲ့ We Will Rock You သီချင်း ၂ ပုဒ်ကလည်း ဒီလိုပဲ သီချင်းနာမည်ကို ကြားလိုက်တာနဲ့တင် သီချင်းရဲ့ Chorus ပုဒ်ကို ခေါင်းထဲမှာ မှတ်မိနေပြီးသားဖြစ်နေမှာပါ။

Crazy Little Thing Called Love

Elvis Presley ကို ရည်ညွန်းတဲ့ ဒီသီချင်းဟာ Mercury အတွက် ရေးသားချက် ၁၀ မိနစ်ပဲကြာခဲ့သလို သူ ရေချိုးခန်း Bathtub ထဲမှာ ရေးခဲ့တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ အခုလိုရေးသားခဲ့ပေမယ့်လည်း အောင်မြင်မှုကတော့ မသေးငယ်ခဲ့ပါဘူး။ ဒီသီချင်းဟာ US မှာ Queen ရဲ့ ပထမဆုံး နံပါတ် (၁) Single တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

Somebody to Love

Bohemian Rhapsody ရဲ့ အောင်မြင်မှုအပြီးမှာ Queen ဟာ နောက်ထပ် အထိန်းအကွပ်မဲ့သီချင်းတစ်ပုဒ်ကို သီဆိုဖို့ စိတ်အားထက်သန်လာပါတယ်။ ဒီတစ်ခါမှာတော့ အချစ်သီချင်းတစ်ပုဒ်ဖြစ်ပြီးတော့ Queen Band ရဲ့ အဆိုတော် ၃ ယောက်လုံးက အသံတု အမျိုး ၁၀၀ လောက်ကို ထည့်သွင်းသီဆိုခဲ့ကြတာဖြစ်ပါတယ်။

I Want to Break Free

ဒီသီချင်းကတော့ လူတိုင်းကြားဖူးနေကြတဲ့ သီချင်းတစ်ပုဒ်ဖြစ်မှာပါ။ Queen ဟာ ဒီသီချင်းကို ၁၉၈၄ ခုနှစ်မှာ သီဆိုခဲ့တာဖြစ်ပြီးတော့ Music Video ကလည်း US မှာ အဲ့ဒီအချိန်က Banned ခံခဲ့ရတဲ့အထိတောင် ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကတော့ အခုလို အနှစ် ၃၀ ကျော်တာတောင် ရပ်တန့်သွားခြင်းမရှိသေးပါဘူး။

Keep Yourself Alive

Queen ရဲ့ အခုသီချင်းဟာ ၇၀ ခုနှစ်တွေတုန်းက ထွက်ရှိခဲ့တဲ့ ပထမဆုံး Single တွေထဲက တစ်ပုဒ်ဖြစ်ပြီးတော့ လုံးဝကို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ Rolling Stone က အခုသီချင်းကို 100 Greatest Guitar Songs of All Time List မှာ နံပါတ် ၃၁ နေရာကို ပေးထားခဲ့တာဖြစ်ပါတယ်။