၁၉၉၀ ခုနှစ်တွေထဲမှာ မွေးဖွားလာခဲ့တဲ့သူတွေဟာ လက်ရှိမှာ အကောင်းဆုံးသော Music Generations တွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆယ်ကျော်သက်အရွယ်ကို ကျော်သွားပြီဖြစ်ပေမယ့် အကောင်းဆုံးဖြစ်ပွားခဲ့တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

1. Indie/Dance ပေါင်းစပ်မှု

ဘယ်သူကမှ Indie Music ကို အက Dance Music နဲ့ တွဲဖက်ဖို့ စိတ်ကူးမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Happy Mondays နဲ့ Primal Scream တို့ပူးပေါင်းခဲ့တဲ့ Give Out But Don’t Give Up ဟာ ဘယ်သူမှမလုပ်ဖူးခဲ့တဲ့ Indie/Dance Music ဖြစ်လာပါတယ်။

2. Millennium တွေအကြောင်း သီချင်းတွေ

ဒီ ၂၀၀၀ ခုနှစ်မတိုင်ခင်မှာ မွေးဖွားခဲ့တဲ့သူတွေဖြစ်တဲ့အတွက် Millennium အကြောင်း သီချင်းတွေက ကြီးပြင်းလာတဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ Robbie Williams ၊ Matthew Sweet ရဲ့ Millennium Blues ၊ Dream Theater ရဲ့ New Millennium တွေက ၉၀ ခုနှစ်ဖွားတွေရဲ့ အကောင်းဆုံးအရာတွေပါ။

3. Rappers တွေ Rock Show တွေမှာ ဖျော်ဖြေတာတွေ

အရင်တုန်းက Rock နဲ့ Rap ဟာ သီးခြားစီဖြစ်နေတဲ့ အရာတွေပါ။ ဒါပေမယ့် ၁၉၉၀ ခုနှစ်ထဲမှာတော့ The Chemical Brothers ၊ Beck ၊ Anthrax တို့က စတင်ပြီးတော့ သူတို့ရဲ့ Rock Concert တွေမှာ Rapping တွေကို စတင်ထည့်သွင်းလာခဲ့ပါတယ်။

4. ဘောလုံးအကြောင်း သီချင်းကောင်းတွေ

ဘောလုံးသီချင်းတွေဟာ အခြားသော အနုပညာရှင်တွေ၊ ကိစ္စရပ်တွေအကြောင်း ဆိုတဲ့နေရာမှာ ကောင်းတယ်လို့ ပြောလို့ရတဲ့သီချင်းတွေဟာ နည်းပါးနေပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ Space ၊ Spice Girls နဲ့ တခြားတော့ Vindaloo လိုမျိုး သီချင်းတွေက ဘောလုံးပွဲပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကို ဖန်တီးပေးလာခဲ့ပါတယ်။