Forbes မဂ္ဂဇင်းကနေ အခုအချိန်မှာ Hip-Hop Artist တွေရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၇ ကနေ ဇွန်လ ၂၀၁၈ အတွင်းကို ရရှိခဲ့တဲ့ ဝင်ငွေကို စာရင်းလုပ်ပြီးဖော်ပြခဲ့ပါတယ်။ အခုစာရင်းအရ ဝင်ငွေအကောင်းဆုံး Hip-Hop Artist တွေက ဘယ်သူတွေလဲဆိုတာကို သိရမှာပါ။
1. Jay-Z ($76.5 Million)
Source: Billboard
Jay-Z ဟာ အခုအချိန်ထိလည်း Hip-hop လောကမှာ ဆရာတစ်ဆူဖြစ်နေတုန်းပါပဲ။ Beyonce ရဲ့ ခင်ပွန်းဖြစ်တဲ့ Jay-Z ဟာ အခုလိုမျိုးအောင်မြင်မှုကို သီချင်းထုတ်တာအပြင် အခြားသော ဝင်ငွေတွေကလည်း ရရှိတာဖြစ်ပါတယ်။
2. Diddy ($64 Million)
Source: Billboard
Rapper Diddy ကတော့ သူရဲ့ ဝင်ငွေကို သီချင်းဆိုပြီးရရှိတာမဟုတ်ပဲနဲ့ များစွာသော Clothing lines တွေမှာ ရင်းနှီးမြုပ်နှံထားတာတွေနဲ့ Vodka Brand တစ်ခုဖြစ်တဲ့ Ciroc နဲ့ ပူးပေါင်းမှုတွေကြောင့် ချမ်းသာလာခဲ့တာဖြစ်ပါတယ်။
3. Kendrick Lamar ($58 Million)
Source: Billboard
Money Trees သီချင်းဟာ အောင်မြင်ခဲ့သလိုပဲ ဒီသီချင်းရဲ့ အဆိုတော် Kendrick Lamar ကတော့ နောက်ဆုံးမှာ ဝေဖန်သူတွေရဲ့ အကောင်းပြောဆိုခြင်းခံရတဲ့ Album တစ်ခုနဲ့အတူ ဝင်ငွေလည်း အများအပြားရရှိခဲ့ပါပြီ။
4. Drake ($47 Million)
Source: Billboard
အခုအချိန်မှာ In My Feelings သီချင်းနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ Drake က ပြီးခဲ့တဲ့နှစ်အတွက်မှာ ဒေါ်လာ ၄၇ သန်းရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ဇွန်လနောက်ပိုင်း ထွက်ရှိခဲ့တဲ့ သီချင်းတွေရဲ့ အောင်မြင်မှုမပါဝင်သေးတဲ့အတွက် ဒီလို နံပါတ် (၄) နေရာမှာရှိနေတာဖြစ်ပါတယ်။
5. J. Cole ($35.5 Million)
Source: Billboard
Rapper J. Cole ကတော့ သူရဲ့ အကောင်းဆုံးအောင်မြင်မှုတွေကို “KOD” Tour ကနေ ရရှိခဲ့တာဖြစ်ပြီး သီဆိုဖျော်ဖြေမှုတိုင်းမှာ ဝင်ငွေအများအပြားရရှိခဲ့တာဖြစ်ပါတယ်။