၂၀၁၈ ရောက်လာတာနဲ့ အမျှဖက်ရှင်တွေဟာ ဆန်းသစ်လာပါတယ်။ အဝတ်အစားမှအစ အလွန်အသေးစိပ်တဲ့ လူသုံးပစ္စည်းတွေပါ ပြောင်းလဲလာပါတယ်။ အရင်တုန်းကဆို ယောက်ျားလေးတွေကိုင်ကြတဲ့ Wallet အများစုက အနက်တို့ အညိုတို့ နက်ပြာတို့လို မှောင်တဲ့ အရောင်တွေကိုင်ကြတာများပါ။ ဘာလို့လဲဆိုတော့ Society ရဲ့ယူဆချက်အရ မိန်းမတွေသာ အရောင်အဖျော့တွေ အရောင်တောက်တာတွေကိုင်လေ့ရှိတာမို့ပါ။

Source: Shutterstock

သို့ပေမဲ့ ဖက်ရှင်လွှမ်းမိုးလာတော့ ဒီလိုယူဆခက်တွေပျောက်လာပြီး အခုနောက်ပိုင်း မှာတော့ Bright ဖြစ်တဲ့အရောင်တွေနဲ့ Opposite ဖြစ်တဲ့အရောင်တွေစပ်ထားတဲ့ Wallet တွေ ခေတ်စားလာတာတွေ့ရပါတယ်။ နောက်ဆိုဖက်ရှင်ကျ မကျ အဝတ်အစားနဲ့ပဲဆုံးဖြတ်မှာမဟုတ်တော့ပဲ သင်ကိုင်တဲ့ Wallet အရောင်ပေါ်မှာပါ မူတည်လာမှာဖြစ်ပါတယ်။

Source: Shutterstock

ယောကျာ်းလေးတွေဟာ Wallet ပိုက်ဆံအိတ်တွေနဲ့ ပတ်သက်ရင်လာရင် Crazy ဖြစ်တတ်ပါတယ်။ လူမြင်အောင်ထုတ်ကိုင်ပြတဲ့အရာ မဟုတ်ပေမဲ့ ပိုက်ဆံအိတ်နဲ့ ပတ်သက်ရင် ဈေးကြီးပေးကိုင်ကြတာလည်း စဉ်းစားစရာပါပဲ။ ဒီလိုမျိုးယောက်ျားလေးအများစုဟာ ဈေးကြီးပေမဲ့ ဦးစားပေးပြီး ဝယ်ကြလို့လည်း ဒီဇိုင်းအသစ်သစ်တွေက ထပ်ထွက်နေတာပါ။ Wallet တွေဟာ အဝတ်အစားထက်ပိုပြီး စိတ်ဝင်စားခြင်းခံရပါတယ်။

Source: Shutterstock

နောက်ပိုင်းဖြစ်လာနိုင်ချေရှိတာက အပြင်ပန်းအားဖြင့်သာမဟုတ်ပဲ အထဲမှာထည့်ထားတဲ့ Wallet တွေပါ Show Off လုပ်လာကြဖို့များပါတယ်။ ခေတ်နဲ့ အညီဖက်ရှင်ကျချင်ရင်တော့ Accessory မပါမဖြစ်အရာတစ်ခုဖြစ်လာမယ့် Wallet တွေရဲ့ ၂၀၁၈ ဒီဇိုင်းအသစ်လေးတွေကို ကွီးတို့သရေကျအောင် ဝေမျှလိုက်ပါတယ်။

Source: Shutterstock