အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ နေရောင်ခြည်ဒဏ်ကို ခံရတဲ့အတွက်ကြောင့် ဖြစ်တာပါ။ ဒီတော့ အရေပြားကင်ဆာကို ကာကွယ်ဖို့ဆိုတာ နေရောင်ခြည်ကို ကာကွယ်ရမယ်လို့ အကြမ်းဖျဉ်းအားဖြင့်မှတ်ထားရမှာပါ။
ဘယ်လိုကာကွယ်ရမလဲ
Source: enews.sg
နေသိပ်မပြင်းတဲ့ နေ့တွေအပါအဝင် နေ့ရက်တိုင်းမှာ SUNSCREEN ကို လိမ်းပါ။ UVA UVB ကာကွယ်ပေးနိုင်တဲ့ အမျိုးအစားကိုရွေးချယ်ပေးပါ။ SPF 30 ထက် မြင့်မားတာတွေကို ရွေးချယ်သင့်ပါတယ်။ တချို့ နေရောင်ကာလိမ်းဆေးတွေဟာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်ပေမယ့် အရေပြားကင်ဆာ ဖြစ်နိုင်ချေကိုတော့ မတားဆီးနိုင်ပါဘူး။
ငွေကြေးထက် တန်ဖိုးကို ကြည့်ပါ
Source: thewirecutter.com
ဒါ့ကြောင့်မို့ SUNSCREEN ဝယ်ယူတဲ့အခါမှာ ပေးရတဲ့ ငွေကြေးအနည်းအများထက် ပြန်ရမယ့် အကျိုးအာနိသင်ကို ပိုမိုအလေးထားပြီး ဝယ်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။ အပြင်ထွက်တဲ့အခါမှာလည်း SUNSCREEN ကို လိမ်းပြီးမှ ထွက်ကြဖို့ လုံးဝမမေ့ပါနဲ့။
အကာအကွယ်တစ်ခုခုဆောင်ထားဖို့ လုံးဝမမေ့ပါနဲ့
Source: sustainablebalance.ca
များသောအားဖြင့် ယောက်ျားလေးတွေက အပြင်သွားတဲ့အခါမှာ ဒီတိုင်း ထထွက်သွားတတ်ကြတာချည်းပါပဲ။ အဲဒီလိုမျိုး လုံးဝမလုပ်ပါနဲ့။ မပါမဖြစ် ထီးတို့ ဦးထုပ်တို့ဆောင်းပြီးမှ နေပူထဲထွက်ပါ။ ခု နေရောင်ခြည်က ဟိုးအရင်ကနဲ့ လုံးဝမတူဘဲ အတော်ကို ဆိုးဆိုးဝါးဝါး ပူလောင်နေတာမို့ပါ။ စိုးရိမ်လို့ ပြောတာပါနော်။