ပူပြင်းတဲ့ရာသီဥတုဖြစ်တဲ့ နွေရာသီကို ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ အခုလိုမျိုး ပူပြင်းတဲ့နွေရာသီဟာ ယောကျာ်းလေးတွေအတွက် အဝတ်အစားရှားတဲ့ရာသီလည်းဖြစ်နေပါတယ်။ အဲ့ဒီအတွက် အခုနွေရာသီမှာ ဘာတွေဝတ်ကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

နွေရာသီအတွက် ရှပ်အင်္ကျီတွေ

အခုလိုမျိုး ပူပြင်းတဲ့ရာသီဥတုမှာ ဝတ်လို့အကောင်းဆုံးက ရှပ်အင်္ကျီတွေပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ၁၀၀ ရာခိုင်နှုန်းချည်သားနဲ့ လုပ်ထားပြီးတော့ နူးညံပျော့ပြောင်းပြီး လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီတွနဲ့ လီနင်သားနဲ့ ပြုလုပ်ထားတဲ့ အင်္ကျီတွေက အကောင်းဆုံးဖြစ်နေမှာပါ။

နွေရာသီမှာ အနောက်တိုင်းဝတ်စုံ ဝတ်ရမယ်ဆိုရင်

Source: Theidleman

အနောက်တိုင်းဝတ်စုံကို နွေရာသီမှာ ဝတ်ဆင်ရတာက ယောကျာ်းလေးတွေအတွက် ဆိုးရွားတဲ့အိမ်မက်ပါ။ အဲ့ဒီနေရာမှာ အနက်ရောင်သီးသန့်ဝတ်စုံတစ်ခုထက် အခြားသော အနောက်တိုင်းဝတ်စုံကို ဘယ်လို ဝတ်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ အနောက်တိုင်းဝတ်စုံ အထူးသဖြင့် ကုတ်အင်္ကျီကို လီနင်သားနဲ့ ဝတ်ဆင်သင့်ပါတယ်။

နွေရာသီအတွက် ဘောင်းဘီတို

Source: Theidleman

ဘောင်းဘီတိုတွေက နွေရာသီမှာ ဝတ်လို့အကောင်းဆုံးဖြစ်ပေမယ့် အရမ်းကို တိုနေတာမျိုး မဝတ်ဆင်ဖိုသတိထားရပါမယ်။

ဒါမှာမဟုတ် ယောကျာ်းလေးတိုင်းအတွက် နွေရာသီအဝတ်အစားက ရှပ်အကျီ၊ ဝတ်စုံတွေအပြင် ဖိနပ်ကိုပါ ဝတ်ဆင်ဖို့လိုအပ်လာတာဖြစ်ပါတယ်။