လူတွေအားလုံးချိတ်ဆက်နိုင်တာ တေးဂီတသီချင်းကြောင့်ပါ။ သီချင်းဟာ လူတွေအားလုံးရဲ့အားကိုးရာဆိုလည်းမမှားပါဘူး။ ပျော်တဲ့အခါလည်း သီချင်းကြောင့်၊ ငိုတဲ့အခါလည်း သီချင်းကြောင့်ပါပဲ။ ဒီလိုသီချင်းတွေကြောင့်ပျော်တယ်၊ ငိုတယ်ဆိုသလို ပျော်ချင်တဲ့အခါ စိတ်ညစ်ပျောက်ချင်တဲ့အခါ သီချင်းနဲ့ ကုစားလို့ရခဲ့ပါတယ်။
Source: Billboard
သီချင်းတွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်ဆိုတာ အမြဲတမ်း ထွက်လို့နေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေကတော့ ကိုယ့်သဘောကျရာ Artist ရဲ့ တေးသီချင်းကိုသာ ရွေးပြီးနားထောင်ကြတယ်။ တစ်ချို့ကျတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Genre နဲ့ ရွေးချယ်ပြီးနားထောင်ကြပါတယ်။
ဒါပေမယ့် သီချင်းဆိုတာ အားလုံးနားထောင်ရတာပိုပြီးတော့ ရသစုံကို ခံစားရစေပါတယ်။ ဒီအတွက် Billboard က အမြဲတမ်း Top 10 တွေကို နားထောင်သင့်ပါတယ်။ နှစ်စဉ်တိုင်း Billboard Top 10 ပြုလုပ်နေကျ ဒီနှစ်မှာ ဘယ်သူတွေရဲ့ သီချင်းတွေ Top 10 မှာရှိနေမလဲဆိုတာ ရင်ခုန်ရပါတယ်
အားလုံးအတွက် ဒီနှစ် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလအတွင်း Top 10 to 1 အထိ နေရာယူနေတာကတော့ ဒီ ၁၀ပုဒ်ပဲဖြစ်လို့နေပါတယ်။
1.Thank U, Next – Ariana Grande
2.Girls Like You – Maroon 5 Featuring Cardi B
3.Sicko Mode – Travis Scott
4.Happier – Marshmello & Bastille
5.Lucid Dreams – Juice WRLD
6.Without Me – Halsey
7.Better Now – Post Malone
8.ZEZE – Kodak Black Featuring Travis Scott & Offset
9.Mo Bamba – Sheck Wes
10.Drip Too Hard – Lil Baby & Gunna
အကောင်းဆုံးသီချင်းဆိုရင်တော့ Ariana Grande သီဆိုထားတဲ့ Thank You, Next ပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကောင်းလား၊ မကောင်းလားဆိုတာကို ခွဲခြားလို့ရနိုင်တာက လူတွေရဲ့ ပါးစပ်ဖျားမှာ စွဲနေရမယ်၊ Creation ကောင်းရမယ်၊ Lyric မှာ လူတွေခံစားလို့ရနိုင်တဲ့ ခံစားချက်တစ်ခု ပါဝင်နေရမယ်။ ဒီအချက်တွေကြောင့် Top 10 to 1 ထဲမှာ ပြောပြပေးခဲ့တဲ့ သီချင်းတွေဟာ အကောင်းဆုံးဖြစ်နေတာလို့ ထင်ပါတယ်။
Video Source: Vevo