Queen ဆိုတာကတော့ ယခင် ၈၀ ခုနှစ်တွေတုန်းက လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Rock Band တစ်ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Queen အဖွဲ့ကို ယနေ့ခေတ် Millennial တွေမသိတော့ပေမယ့် ယခုပြသနေဆဲ Bohemian Rhapsody ခေါ် Queen Lead Vocalist Freddie Mercury ရဲ့ Documentary ရုပ်ရှင်ဇာတ်ကားကြောင့် Queen ရဲ့ သီချင်းတွေဟာ ပြန်လည် ခေတ်စားလာနိုင်မယ်လို့ ယူဆရပါတယ်။

Source: metro.co.uk

တစ်ချိန်တစ်ခါက Rock King တစ်ဆူအဖြစ် ကမ္ဘာကျော်ခဲ့တဲ့ Freddie ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းလေးကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ Documentary ကိုမှ ဇာတ်လမ်းအနေနဲ့ Plot Twist အကွေ့အကောက်လေးတွေနဲ့တိုတော့ နောက်ဆုံးခန်းအထိ Climax ဖြစ်လွန်းလို့ လူတစ်ယောက်ရဲ့ ခံစားချက် နှလုံးသာကို တိုက်ရိုက်ထိမှန်လာနိုင်တဲ့ ဇာတ်ကားမျိုးလို့ပြောလို့ရပါတယ်။

Source: metro.co.uk

ကိုယ့်ဘဝမှာ မျှော်လင့်ချက်ပျောက်နေလို့ပဲဖြစ်ဖြစ် ၊ သိမ်ငယ်မှု စိတ်ဓာတ်ကျမှုတွေခံစားနေရလို့ပဲ ဖြစ်ဖြစ် ၊ လူတွေရဲ့အချစ်ကိုမခံရဘူးဆိုပြီးခံစားနေရလို့ပဲ ဖြစ်ဖြစ်၊ ဘဝရည်မှန်းချက်နဲ့ အလှမ်းဝေးနေတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ လူတစ်ယောက်ဟာ ဘဝမှာ ကိုယ်ရှုးသွပ်မှုအပေါ် အခြားဘယ်လို ဝေဖန်မှုမျိုးတွေပဲရှိပါလေ့စေ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ ကိုယ့် Passion အပေါ် ယုံကြည်မှုရှိရုံနဲ့ ဆက်သွားလို့ရတယ်ဆိုတာကို Freddie က သက်သေပြခဲ့တာမျိုးပါ။

Source: metro.co.uk

သူ့နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Rami Malek ဟာဆိုရင်လည်း MR.Robot ဆိုတဲ့ Netflix Series နဲ့ ပရိသတ်ရင်ခွင်ထဲယောက်ခဲ့တဲ့ Egyptian တစ်ယောက်ဖြစ်ပြီး Hollywood အထိထိုးဖောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Bohemian Rhapsody ဇာတ်ကားအတွက် Freddie လို Rock King တစ်ယောက်ရဲ့နေရာမှာ သရုပ်ဆောင်နိုင်ဖို့ Freddie အကြောင်းကို အများကြီးလေ့လာပြီး သူ့အနေနဲ့ ကြိုးစား ပြင်ဆင်ခဲ့ရတာတွေကိုလည်း အင်တာဗျူးတွေကနေပြောကြားခဲ့ပါတယ်။

Source: metro.co.uk

သူ့ကြိုးစားမှုကို ဇာတ်ကားထဲမှာလည်းတွေနိုင်သလို နာမည်ကြီး Rock King Freddie ရဲ့လူသားတစ်ယောက်အနေနဲ့ သူ့အိမ်မက်တွေကို ကမ္ဘာကိုချပြနိုင်တဲ့ Talent ရှိသူတစ်ယောက်ကပေးတဲ့ ဘဝသင်ခန်းစာကိုလည်း နားလည်ခွင့်ရနိုင်မှာပဲဖြစ်ပါတယ်။ အရမ်း Inspirational , Motivational ဖြစ်တဲ့အပြင် Emotional လည်း ဖြစ်လို့ သွားကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ခုပါပဲ။