[Zawgyi]

ကမာၻ႔ ဟဲးဗီးဝိတ္တန္း ခ်န္ပီယံ ခါပတ္ရရွိထားသူ အေမရိကန္-ဖိလစ္ပိုင္ ႏိုင္ငံသား ဘရန္ဒန္ဗဲရာ ဟာ MMA (One Championship) ဝိတ္တန္းႏွစ္ခု ခ်န္ပီယံေအာင္လအန္ဆန္ႏွင့္ ထိုးသတ္ရန္ အသင္႔ျဖစ္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ၿပီးခဲ႔တဲ႔ မက္လမွာ ဗဲရာက ေအာင္လရဲ႕ လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံခါးပတ္အတြက္ ထိုးသတ္ရန္ စိန္ေခၚခဲ႔တာပါ။

Source: Hollywood Reporter

ေအာင္လနဲ႔ဗဲရာတို႔ဟာ လာမည္႔ ေအာက္တိုဘာ ၁၃ ရက္ေန႔ ဂ်ပန္ႏိုင္ငံမွာက်င္းပမဲ႔ ONE: Century ၿပိဳင္ပြဲမွာ ထိုးသတ္ၾကမွာျဖစ္ပါတယ္။ ဗဲရာဟာ ေအာင္လနဲ႔ ထိုးသတ္ဖို႔အတြက္ ကိုယ္အေလးခ်ိန္ကို ေလွ်ာ႔ခ်ထားၿပီး အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားမွာ ေလ့က်င့္ေနေႀကာင္းသိရပါတယ္။‘‘ ဝိတ္ေတြ အမ်ားႀကီးခ် လိုက္ရတာက ျပႆနာေတာ့ မရွိပါဘူး။

ဒါေပမဲ့ စိတ္ပူမိတာက ကုိယ့္ရဲ႕ ခြန္အားေတြ၊ ခံႏိုင္ရည္ေတြ တစ္ပုံစံတည္းရွိပါဦးမလား ဆိုတာကိုပါ။ ဒါေၾကာင့္မို႔ ဒီႏွစ္အေစာပိုင္းကတည္းက ဝိတ္ကုိ နည္းနည္းခ်င္း ခ်ထားတယ္။ ေလ့က်င့္မႈကို ျပင္းျပင္းထန္ထန္လုပ္ တယ္။ ေအာင္လကိုႏိုင္ဖို႔အတြက္ အဓိကအခ်က္ကေတာ့ ကြၽန္ေတာ့္ရဲ႕ ျပင္းျပတဲ့ စိတ္ပိုင္းဆိုင္ ရာ ခံယူခ်က္လို႔ပဲ ထင္ပါတယ္။ ေအာင္လနဲ႔ ထိုးသတ္ဖို႔ အသင့္ျဖစ္ေနပါၿပီ ’’ဟု ဘရန္ဒန္ဗီရာက ေျပာသည္။

Source: MMA Fighting

အသက္ ၄၁ နွစ္အရြယ္ရွိၿပီျဖစ္တဲ႔ ဗဲရာဟာ ျပိဳင္ပြဲတေလွ်ာက္ ၂၄ ပြဲထုိးသတ္ထားၿပီး ၁၆ ပြဲႏိုင္ကာ ၇ ပြဲရႈံးနွိမ္႔ထားပါတယ္။ အသက္ ၃၁ နွစ္အရြယ္ ျမန္မာ႔ စပါးအံုးေျမြ ေအာင္လအန္ဆန္ကေတာ႔ ၃၅ ပြဲထိုးသတ္ထားၿပီး ၂၄ ပြဲအႏိုင္ရထားကာ ၁၀ ပြဲရႈံးနွိမ္႔ထားပါတယ္။

 

[Unicode]

ကမ္ဘာ့ ဟဲးဗီးဝိတ်တန်း ချန်ပီယံ ခါပတ်ရရှိထားသူ အမေရိကန်-ဖိလစ်ပိုင် နိုင်ငံသား ဘရန်ဒန်ဗဲရာ ဟာ MMA (One Championship) ဝိတ်တန်းနှစ်ခု ချန်ပီယံအောင်လအန်ဆန်နှင့် ထိုးသတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ မက်လမှာ ဗဲရာက အောင်လရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်အတွက် ထိုးသတ်ရန် စိန်ခေါ်ခဲ့တာပါ။

Source: Hollywood Reporter

အောင်လနဲ့ဗဲရာတို့ဟာ လာမည့် အောက်တိုဘာ ၁၃ ရက်နေ့ ဂျပန်နိုင်ငံမှာကျင်းပမဲ့ ONE: Century ပြိုင်ပွဲမှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။ ဗဲရာဟာ အောင်လနဲ့ ထိုးသတ်ဖို့အတွက် ကိုယ်အလေးချိန်ကို လျှော့ချထားပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ လေ့ကျင့်နေကြောင်းသိရပါတယ်။‘‘ ဝိတ်တွေ အများကြီးချ လိုက်ရတာက ပြဿနာတော့ မရှိပါဘူး။

ဒါပေမဲ့ စိတ်ပူမိတာက ကိုယ့်ရဲ့ ခွန်အားတွေ၊ ခံနိုင်ရည်တွေ တစ်ပုံစံတည်းရှိပါဦးမလား ဆိုတာကိုပါ။ ဒါကြောင့်မို့ ဒီနှစ်အစောပိုင်းကတည်းက ဝိတ်ကို နည်းနည်းချင်း ချထားတယ်။ လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန်လုပ် တယ်။ အောင်လကိုနိုင်ဖို့အတွက် အဓိကအချက်ကတော့ ကျွန်တော့်ရဲ့ ပြင်းပြတဲ့ စိတ်ပိုင်းဆိုင် ရာ ခံယူချက်လို့ပဲ ထင်ပါတယ်။ အောင်လနဲ့ ထိုးသတ်ဖို့ အသင့်ဖြစ်နေပါပြီ ’’ဟု ဘရန်ဒန်ဗီရာက ပြောသည်။

Source: MMA Fighting

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗဲရာဟာ ပြိုင်ပွဲတလျှောက် ၂၄ ပွဲထိုးသတ်ထားပြီး ၁၆ ပွဲနိုင်ကာ ၇ ပွဲရှုံးနှိမ့်ထားပါတယ်။ အသက် ၃၁ နှစ်အရွယ် မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်ကတော့ ၃၅ ပွဲထိုးသတ်ထားပြီး ၂၄ ပွဲအနိုင်ရထားကာ ၁၀ ပွဲရှုံးနှိမ့်ထားပါတယ်။