အသည်းကွဲနေသူများ၊ အထူးသဖြင့် အမျိုးသားများအသည်းကွဲတဲ့အခါခံစားရတဲ့ စိတ်ဝေဒနာတွေ သက်သာလျော့ပါးအောင် စိတ်ကူးတည့်ရာတွေလျှောက်လုပ်တတ်ကြပါတယ်။ ထိုအခါမမှားသင့်တဲ့အမှားတွေကို ကြုံတွေ့ရတာမျိုး ရှိတတ်ပါတယ်။

ဒီလိုအမှားတွေနဲ့မကြုံရအောင် အကောင်းဆုံးဆေးစွမ်းတစ်လက်က ရှိနေပါတယ်။ ဒါကတော့ Rock ဟုတ်ပါတယ်။ Rock Music ပဲဖြစ်ပါတယ်။

Rock and Roll

Source: Acculturated

Rock Music ရဲ့အစက Rock and Roll ပဲဖြစ်ပါတယ်။ Rock And Roll ဂီတဟာ ၁၉၅၀ခုနှစ်ခန့်မှာအမေရိကန်ပြည်ထောင်စုတွင် စတင်ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ ၁၉၆၀နောက်ပိုင်းနှစ်တွေ  မှာ  Rock ဂီတဟာပုံစံအမျိုးမျိုးကွဲပြားလာခဲ့ပါတယ်။

ဘာကြောင့်အသည်းကွဲတဲ့အခါ Rock သီချင်းတွေလိုအပ်တာလဲ။

Source: Acculturated

ဝေဒနာခံစားနေရတဲ့သင့်နှလုံးသားဟာ ဂီတဆိုတဲ့ဆေးတစ်ခွက်လိုအပ်ပါတယ်။ ဂီတအမျိုးအစားများစွာရှိတဲ့ထဲကမှ Rock Music ကိုရွေးချယ်ရခြင်းကခိုင်လုံတဲ့အကြောင်းရှိနေပါတယ်။ အလွမ်း၊ အဆွေးတွေကိုအခြေပြုထားတဲ့ Music တွေဟာ ငိုချင်ရက် လက်တို့နေတဲ့သင့်ကို မျက်ရည်တွေပဲပေးနိုင်မှာဖြစ်ပါတယ်။

Rock ဂီတပေါ်ပုံချလိုက်ပါ။

Source: pinterest.co.uk

အသည်းကွဲနေချိန်မှာ သင်ဟာပေါက်ကွဲချင်မယ်၊ ဒေါသထွက်မယ်၊ ၀မ်းနည်းပူဆွေးမယ်၊ ဒီခံစားချက်တွေကို အပြင်းစား Rock ဂီတပေါ်ပုံချကြည့်လိုက်ပါ။ လွတ်လပ်ပေါ့ပါးခြင်းတွေဆီကို သင်ရောက်သွားပါလိမ့်မယ်။

ဆေးစွမ်းကောင်းလို့ခေါ်တွင်ရလောက်တဲ့ Rock သီချင်းများ

Source: roanoke.com

အသည်းကွဲနေသူတွေအတွက် မိမိတို့ရဲ့ဝေဒနာကိုအကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့်နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ Rock သီချင်းများကိုစုစည်းဖေါ်ပြပေးလိုက်ပါတယ်။

Sweet Emotion

Source: Ultimate Classic Rock

Rocker ကြီးတစ်ဦးဖြစ်တဲ့ Aerosmith ရဲ့လူကြိုက်များထင်ရှားခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကဖြန့်ချီခဲ့ပြီး Classic Rock အမျိုးအစားသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၂၀၁၆ မှာနာမည်ကြီးအမေရိကန် Rock Band တစ်ခုဖြစ်တဲ့ Nirvana Band ကပြန်လည်ဆန်းသစ်သီဆိုထားပါတယ်။

Zombie

Source: Acculturated

၂၀၁၈ခုနှစ်ကထုတ်ဝေခဲ့တဲ့ Disobey ဆိုတဲ့အယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Bad Wolves  Band ကတီးခတ်သီဆိုထားပါတယ်။ အဆိုပါ Zombie ဟာ ၁၉၉၄ခုနှစ်က Irish Rock Band တစ်ခု ဖြစ်တဲ့ The Cranberries အဖွဲ့ကသီဆိုတီးခတ်ထားခဲ့ပါတယ်။