လတ်တလောသတင်းတွေအရ အသည်းကွဲနေတဲ့ အဆိုတော်မလေးဆိုတာနဲ့ အားလုံးရဲ့မျက်လုံးထဲမှာ Selena Gomez ကို ပြေးမြင်မိကြမှာပဲဖြစ်ပါတယ်။ လူတိုင်းအသည်းကွဲဖူးကြပါလိမ့်မယ်။ အသည်းကွဲချိန်ဟာ ဘယ်လောက်ကျော်ဖြတ်ရခက်ခဲလည်းဆိုတာကို ခံစားဖူးသူတိုင်းသိကြမှာပဲဖြစ်ပါတယ်။ အခုအဆိုမလေးတစ်ယောက် အသည်းကွဲနေပြန်ပါပြီ။

Selena Gomez ဆိုတာ ဘယ်သူလဲ။

Source: Man Repeller

သူမရဲ့အမည်အပြည့်အစုံကတော့ Selena Marie Gomez ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်၊ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ယခုအချိန်မှာတော့ အသက် ၂၅ နှစ်အရွယ်သူမဟာ တည်ငြိမ်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားပါတယ်။

အနုပညာလှုပ်ရှားမှု

Source: mashable.com

Selena ဟာအောင်မြင်တဲ့ အဆိုတော်တစ်ဦးအပြင် ရုပ်ရှင်သရုပ်ဆောင်နဲ့ ထုတ်ဝေသူတစ်ဦးလည်းဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Barney & Friend မှာ စတင်သရုပ်ဆောင်ခဲ့ပြီး လူသိများလာခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တေးစီးရီးများစွာသီဆို ရာမှာလည်း အောင်မြင်ခဲ့ပါတယ်။

အချစ်ရေး

Source: glamour.com

Selena ရဲ့အချစ်ရေးက လက်ရှိအချိန်မှာတော့ သိပ်မကောင်းလှပါဘူး။ အခုတော့ သူမအသည်းကွဲတဲ့ဝေဒနာကို ခံစားနေရမှာပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ထဲကစချစ်ခဲ့ရပြီး နှစ်ပေါင်းများစွာရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ အနားမှာရှိခဲ့တဲ့ ချစ်သူရဲ့စေ့စပ်သွားတဲ့သတင်းကြောင့်ပဲဖြစ်ပါတယ်။ Selena နဲ့ J B(Justin Bieber) တို့ဟာ ပရိသတ်တွေအသည်းစွဲ ကမ္ဘာကျော်ချစ်စရာအဆိုတော်စုံတွဲဖြစ်ပါတယ်။

တကယ်ပဲအသည်းကွဲနေပြီလား။

Source: glamour.com

Selena တစ်ယောက် ချစ်ရသူရဲ့စေ့စပ်သတင်းကြောင့် အမှန်တကယ်ပဲအသည်းကွဲနေပြီလား။ ဒါမှမဟုတ် ခက်ခဲတဲ့အချိန်တွေကို အလွယ်တကူပဲကျော်ဖြတ်နေတာလားဆိုတာ တကယ့်ကို ခန့်မှန်းရခက်လှပါတယ်နော်။ မိဘအသိုင်းအ၀ိုင်းတွေရဲ့ ဖိအားတွေလွန်ဆန်ပြီး ချစ်ခဲ့ရတဲ့ချစ်သူကို ဆုံးရှုံးတော့မှာသေချာနေချိန်မှာတော့ ဘယ်သူမဆိုအသဲကွဲမှာပါပဲ။ ဒါပေမယ့် Selena ကတော့ အသည်းကွဲဝေဒနာကို လူသိရှင်ကြားမထုတ်ဖော်ခဲ့ပါဘူး။