၁၉၈၅ခုနှစ်မှာမွေးဖွားခဲ့တဲ့ အမေရိကန်အဆိုတော် Bruno Mars ဟာတေးသီချင်းမြောက်များစွာနဲ့ဂီတ လောကမှာ အောင်မြင်စွာနေရာယူထားသူ တစ်ဦးဖြစ်ပါတယ်။ သူဟာနာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့အ ပြင် သီချင်းကောင်းလေးတွေကို ဖန်တီးနိုင်တဲ့ တေးရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂီတတူရိယာ မျိုးစုံ ကိုလည်း ကျွမ်းကျင်စွာတီးခတ်နိုင်သူ ဖြစ်ပါတယ်။

Source: People Magazine

အဆိုတော်တစ်ဦးသာမက Dancer တစ်ဦးလည်းဖြစ်တဲ့ Burno Mars ရဲ့သီချင်းတွေဟာ ဂီတအမျိုး အစားစုံလင်ပါတယ်။ R @ B သီချင်းအေးအေးလေးတွေကို သီဆိုသလို ပေါက်ကွဲသံစဉ်တွေဖြစ်တဲ့ Hip Hop, Rock စတဲ့ အပြင်းစားဂီတ အမျိုးအစားတွေကိုလည်းသီဆိုသူဖြစ်ပါတယ်။

Source: People Magazine

တတိယမြောက်အယ်လ်ဘမ်တစ်ခုဖြစ်သော 24k Magic ကိုပရိုမိုးရှင်းဆင်းတဲ့ အနေနဲ့ ကမ္ဘာလှည့်ဂီတ ခရီးစဉ်ကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာလှည့်ဂီတခရီးစဉ်ကို ၂၀၁၇ခုနှစ်၊မတ်လက စတင်ခဲ့တာပဲဖြစ် ပါတယ်။

Source: People Magazine

24k Magic Album ကို ၂၀၁၆ခုနှစ်၊နိုဝင်ဘာလက ထုတ်ဝေဖြန့်ချီခဲ့တာဖြစ်ပြီး R @ B နဲ့ Pop သီချင်း အမိုက်စားတွေ ပါဝင်ပါတယ်။ ထိုအယ်လ်ဘမ်ဟာ၂၀၁၈ခုနှစ်၊ဂရမ်မီဆုပေးပွဲမှာအကောင်းဆုံးအယ်လ်ဘမ် ဆုနဲ့ Best R @ B အယ်လ်ဘမ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူနဲ့အတူ ကမ္ဘာလှည့်ဂီတခရီးစဉ်မှာ ဧည့်သည်အဆိုတော်တွေအဖြစ် Bozy II Men အဖွဲ့၊ အီလာမိုင်နဲ့ ချာလီဝေလ်ဆင် တို့ကိုဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

Source: People Magazine