Ed Sheeran ရော Bruno Mars ရော ၂ ယောက်စလုံးက လူတိုင်းကြိုက်ကြတဲ့ Pop အဆိုတော်တွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကသွားနေတဲ့ Music ပုံစံကလည်း တူညီတယ်လို့ ပြောလို့မရတဲ့အထဲပါပါတယ်။

Ed Sheeran ကတော့ သိတဲ့အတိုင်း သီချင်းအေးအေးလေးတွေကို ခံစားချက်အပြည့်နဲ့သီဆိုတတ်ပြီးတော့ Bruno Mars ကတော့ အခုနောက်ပိုင်းမှာ နည်းနည်း Funky ဖြစ်ပြီး သွက်လက်တဲ့သီချင်းတွေကို ပြောင်းလဲသီဆိုလာတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ ယောက်စလုံးက အခုအချိန်မှာ အအောင်မြင်ဆုံးအဆိုတော်တွေဖြစ်နေပြီး သူတို့ရဲ့ Album တွေဖြစ်တဲ့ Bruno Mars ရဲ့ 24K Magic နဲ့ Ed Sheeran ရဲ့ Divide Album တွေကလည်း အောင်မြင်မှုအများအပြားရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Bruno Mars က Ed Sheeran ကို သူ့ရဲ့ မွေးနေ့သီချင်းကို သီဆိုဖို့ တောင်းဆိုခဲ့ပြီး Ed Sheeran ကိုယ်တိုင်ကလည်း သီချင်းဆိုပေးခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း Bruno Mars က ဂုဏ်ယူစွာနဲ့ Instagram မှာတင်ခဲ့ပြီးတော့ အဆိုပါ Video မှာ Ed Sheeran က Bruno Mars ကို “Happy birthday to three-time Super Bowl-performing Bruno” ဆိုပြီး မွေးနေ့သီချင်းသီဆိုပေးခဲ့တာဖြစ်ပါတယ်။

Bruno Mars က အခုအချိန်မှာ အသက် ၃၃ နှစ်ပြည့်သွားတာဖြစ်ပြီးတော့ Ed Sheeran ကတော့ အသက် ၂၇ နှစ်ပဲရှိသေးတာလည်းဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Bruno Mars က သူ့ရဲ့ 24K Magic Tour ကို ဖျော်ဖြေနေဆဲဖြစ်ပြီးတော့ ဝင်ငွေတွေလည်း အများအပြားရရှိနေတာဖြစ်ပါတယ်။