စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ် (၄) ရဲ့ နောက်ဆုံးပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ဘန်လေအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးလ်အသင်းက အိမ်ရှင်ဘန်လေအသင်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ အဝေးကွင်းပွဲစဉ်ကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ဆာလာ၊ မာနေး၊ ဖာမီနို၊ ဖာဘင်ညို စတဲ့ကစားသမားတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲပွဲထွက်လာခဲ့ပါတယ်။ ဘန်လေအသင်းကလည်း ခံစစ်အားကောင်းကောင်းနဲ့ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကိုအကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Source : Liverpool FC

ပွဲချိန်စတင်တာနဲ့ တစ်ပြိုင်နက် လီဗာပူးလ်အသင်းက တစ်ဟုန်ထိုးတိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဘန်လေအသင်းရဲ့ခံစစ်က အားကောင်းနေခဲ့တာကြောင့် ကြိုးကြာနီတို့ အခွင့်အရေးတွေကိုဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။သို့သော်လည်းပွဲကစားချိန်ကြာလာတာနဲ့ အမျှ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကိုထိန်းချုပ်ဖို့ခက်ခဲလာခဲ့ပြီး ပွဲကစားချိန် (၃၃)မိနစ်မှာ အာနိုး ဖြတ်တင်ပေးပို့ခဲ့တဲ့ဘောလုံးဟာ ဘန်လေတိုက်စစ်မှူးခရစ်ဝုဒ်နဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဘန်လေအသင်းဂိုးပေါက်ထဲကို တည့်တည့်မတ်မတ်ဝင်ရောက်သွားခဲ့ပါတယ်။

Source : Daily Express

ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အဖွင်းဂိုး (OG) ရရှိသွားခဲ့ကာ ထပ်မံပြီးပွဲချိန်(၃၇)မိနစ်မှာပဲဖာမီနိုရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မာနေးကဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း ဦးဆောင်ဂိုးတွေရရှိထားတဲ့ လီဗာပူးလ်အသင်းကပဲဆက်လက်ဖိအားပေးကစားခဲ့ကာ ပွဲချိန် (၈၀) မိနစ်မှာတော့ လီဗာပူးလ်အသင်းအတွက် (၃)ဂိုးမြောက်သွင်းဂိုးကို ဖာမီနိုကအကောင်းဆုံးသွင်းယူပေးခဲ့ကာ (၃-ဝ)ဂိုးဖြင့် ပွဲကိုထိန်းကစားနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ပေးဂိုးမရှိ ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပါမယ်။ လီဗာပူးလ်အသင်းဟာ ယခုနှစ်ရာသီမှာ (၄) ပွဲတိတိကစားထားပြီး (၄)ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Source : UEFA Champions League