များပြားလာတဲ့ Music Therapists နဲ့ သူ့တို့ရဲ့ကုထုံးတွေဟာ လူတွေရဲ့ ငယ်ငယ်ကခံစားခဲ့ရတဲ့ Traumas ကြီးကြီးသေးသေးကို ကုသနိုင်စွမ်းရှိပါတယ်။ တကယ်တော့ Therapists တွေထက် လူသားတွေရဲ့ အတွင်းနှလုံးသားကို နက်ရှိုင်းစွာထိတွေ့ စေတာကတော့ တေးဂီတပါ။

Christine Vaskas Churba ဆိုတဲ့ Music Therapist ကဘယ်လိုဥပမာပေးလည်းဆိုတော့ သင့်ကိုယ်သင် အခုမှစမွေးတဲ့ မွေးကင်းစကလေးတစ်ယောက်လို့ စဉ်းစားကြည့်ပါ။ နောက်ပြီး သင်ဟာ Due Date ထက်စောမွေးလို့ အောက်စီဂျင်မဝဘဲ Baby Care Unit မှာ စောင့်ရှောက်ခြင်းခံထားရတယ်ပဲ ထားပါ့တော့။ သင်ဟာ အထီးကျန်ပြီး စမွေးကတည်းက အမေနဲ့လည်းမနေရ သင့်ကိုလည်းစိတ်ရှုပ်စရာကောင်းတဲ့ Treatment တွေနဲ့ တစ်ယောက်တည်းနေရတယ်ဆို အဲ့ဒါက Traumatic Event ပါ။

Source: Shutterstock

ဒီလိုခံစားနေရတဲ့အချိန်မှာ ဆရာဝန်ကယူပြီး ကလေးဟာ ဒီလောက်ဆို စိတ်ချရပြီ။ သူ့အမေနားမှာပေးနေလို့ရပြီဆိုတာနဲ့ သင်ဟာ ရုတ်တရက် ထိုစိတ်ရှုပ်ထွေးရတဲ့အခြေအနေကနေပြီး သင့်ကိုနွေးထွေးမှုပေးနိုင်တဲ့ စိတ်ချယုံကြည်ရတဲ့ နေရာတစ်ခုကိုရောက်သွားတာနဲ့ တူပါတယ်လို့ Music ကုထုံးအကြောင်းကို ရှင်းပြပါတယ်။

Source: Shutterstock

Music တေးဂီတဟာ လူသားအားလုံးနားလည်နိုင်တဲ့ ဘာသာစကားအဖြစ်တင်စားကြပါတယ်။ ဒီလိုပဲ Trauma ခံစားရတဲ့သူတွေအတွက်လည်း Physiological Systems အရ ထိုကုထုံးတွေကနေ တိုးတက်မှုရှိတာကို တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ Trauma ရထားသူတွေရဲ့ခံစားချက်က လုံခြုံမှုပျောက်ဆုံးနေပြီး နားမလည်နိုင်တဲ့ Unconscious ကနေလာတဲ့ အကြောက်တရားတွေကြောင့်ပါ။

Source: Shutterstock

ဒီလိုအခြေအနေမှာ Music Therapists တွေရဲ့အကူအညီနဲ့ Music ရဲ့ထွေးပွေ့မှုတွေက သင့်ကိုထို Emotional Hell ကနေ လွတ်မြောက်ခွင့်ပေးတာပါ။ Music တေးဂီတဟာ ထိုကဲ့သို့ လူတွေနဲ့ Deepest Connection ရှိပါတယ်။