မျက်ကပ်မှန်တပ်ချင်တဲ့ ကွီးတို့အတွက် မျက်ကပ်မှန်တပ်မယ်ဆိုရင် သတိထားရှောင်ကြဉ်သင့်တဲ့၊ ဆောင်ထားသင့်တဲ့ အချက်ကလေးတွေကို ပြောပြပေးချင်တာပါ။ ဒီအချက်ကလေးတွေကို သတိထားပြီး မျက်ကပ်မှန်တပ်ဆင်ကြပါလို့ တိုက်တွန်းပါရစေ။
မျက်ကပ်မှန် ဖြုတ်တပ်တဲ့ ကိရိယာငယ်လေး
Source: www.spreepicky.com
မျက်ကပ်မှန်တပ်တဲ့၊ ဖြုတ်တဲ့ ကိရိယာငယ်လေး ဒါမှမဟုတ် ဇာဂနာလေးဆောင်ထားရင်တော့ အကောင်းဆုံးပါပဲ။ ဒီကိရိယာလေးတွေ ဆောင်ထားမယ်ဆိုရင်တော့ လက်သည်းရှည်ထားလို့ရပါတယ်။ ဒါပေမယ့် ကိရိယာလေးတွေကိုတော့ အမြဲသန့်စင်အောင် ထားပေးရမယ်။
မျက်ကပ်မှန်ထည့်တဲ့ ဘူးငယ်လေး
မျက်ကပ်မှန်ထည့်တဲ့ ဘူးလေးကိုလည်း နေ့တိုင်းဆေးရပါမယ်။ ဆေးရည်နေ့တိုင်း လဲပေးဖို့လိုပါတယ်။ လုံးဝ လုံးဝ မမေ့ပါနဲ့။
နေကာမျက်မှန်လည်း တပ်ဆင်သင့်တဲ့အချိန်
Source: www.lifestyleasia.com
ဘယ်လိုပဲမျက်ကပ်မှန်တပ်ထားပါစေ နေကာမျက်မှန်တပ်ဆင်သင့်တဲ့အချိန်တွေလည်း ရှိပါတယ်။ ဖုန်အရမ်းထူတဲ့နေရာတွေကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်လို့ သွားမယ်ဆိုရင်လည်း နေကာမျက်မှန်တပ်သွားသင့်ပါတယ်။
မျက်ရည်တု
Source: www.npr.org
မျက်လုံးက အမြဲ မျက်ကပ်မှန်တပ်ထားတာကြောင့် ခြောက်သွေ့နေတတ်ပါတယ်။ ဒါ့ကြောင့် မျက်ရည်တု (Tear Drop) ကို မကြာခဏ ခတ်ပေးဖို့ ဆောင်ထားသင့်ပါတယ်။ အထက်ပါအချက်ကလေးတွေကို မပျင်းမရိ ဆောင်ရွက်သွားမယ်ဆိုရင်တော့ မျက်ကပ်မှန်ကို နှစ်ချီ တပ်ဆင်နိုင်ပါတယ်။