ကမ္ဘာပေါ်ကလူသားများစွာရဲ့ ဘ၀တွေကို ပြောင်းလဲပေးခဲ့တဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးဒေလ်းကာနက်ဂျီကို မှတ်မိကြအုံးမှာပါ။ သူကိုယ်တိုင်ဆင်းရဲနွမ်းပါးတဲ့ဘ၀ကနေ အဆင့်မြင့်တဲ့ဘ၀တစ်ခုကို ပြောင်းလဲပစ်ခဲ့သူပါ။ အဆိုပါပုဂ္ဂိုလ်ကြီး ဒေလ်းကာနက်ဂျီရဲ့ဘ၀အကြောင်း ပြန်ပြောပြချင်ပါတယ်။

လူတောမတိုးတဲ့ ကျေးတောသားလေး

Source: British History Online

အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ ၀ါရင်းစဘတ်မြို့ရှိ ဆရာအတတ်သင်ကောလိပ်ကျောင်းမှာ မထင်ရှားတဲ့မည်းမည်းပိန်ပိန် ကျေးတောသားလေးတစ်ယောက်အဖြစ် ဒေလ်းကာနက်ဂျီဟာဘ၀ကို စတင်ခဲ့ရပါတယ်။

ငယ်ရွယ်စဉ်မိသားစုဘဝ

Source: PxHere

ဒေလ်းကာနက်ဂျီကို အမေရိကန်နိုင်ငံ၊ မစ်စူရီပြည်နယ်၊ အနောက်မြောက်ပိုင်းဟာမိုနီချာခ်ျ့မြို့လေးမှာ မွေးဖွားခဲ့ပြီးမွေးချင်းအကို တစ်ဦးရှိပါတယ်။ မိဘတွေဟာဆင်းရဲတဲ့ လယ်သမားတွေဖြစ်ပြီး သားသမီးပညာရေးကို အားပေးရကောင်းမှန်းလည်း မသိခဲ့ကြပါဘူး။

လူကြောက်တဲ့ကာနက်ဂျီ

Source: The Conversation

လူရာဝင်လှပေမယ့် ဆင်းရဲနွမ်းပါတဲ့ဘ၀ပေးအခြေအနေကြောင့် ကာနက်ဂျီတစ်ယောက်အငုံ့စိတ်တွေ ၀င်ပြီးလူတောမတိုးခဲ့ပါဘူး။

ပထမဆုံးအောင်မြင်မှု

Source: Biodiesel Magazine

ကျောင်းမှာကျင်းပတဲ့ ကျပန်းစကားပြောပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေကို ဒေးကာနက်ဂျီတစ်ယောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက်အရှုံးရလဒ်တွေကပဲ အမြဲစောင့်ကြိုနေခဲ့ပါတယ်။

စိတ်ဓာတ်အကြီးအကျယ်ကြခဲ့ပေမယ့် မဆုတ်နစ်တဲ့ဇွဲနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကာနက်ဂျီဟာ ကျောင်းလုံးကျွတ် နှုတ်မှုစွမ်းရည်ပြိုင်ပွဲမှာ ပထမဆုကိုရရှိခဲ့ပါတယ်။