Country သီချင်းတွေကို သီဆိုပြီး လူသိများလာခဲ့တဲ့ အဆိုတော်မလေး Carrie Underwood က အခုအချိန်မှာတော့ နောက်ထပ်အောင်မြင်မှုတစ်ခုကို ရရှိတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ Hollywood ရဲ့ 2,646 ခုမြောက် Hollywood Walk of Fame ကိုရရှိမှာပဲဖြစ်ပါတယ်။

Source: pitchfork.com

Carrie Underwood ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက American Idol ပြိုင်ပွဲမှာ အနိုင်ရရှိပြီး အောင်မြင်မှုရရှိလာတာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၁ နှစ်လုံးမှာလည်း CMA Awards Telecast အနေနဲ့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုနောက်ပိုငး သီချင်းဆိုတာနည်းသွားတယ်ဆိုပေမယ့် အနုပညာအလုပ်တွေတော့ လုပ်နေဆဲပဲဖြစ်ပါတယ်။

သူမဟာ မကြာသေးခင်တုန်းကတော့ Cry Pretty Album ကို ထုတ်ထားပြီးတော့ အဆိုပါ Album ဟာ Sony Production ကနေ Universal Music Group နဲ့ Capitol Nashville Label နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Album ကိုလည်း အောင်မြင်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Source: pitchfork.com

ဘာပဲဖြစ်ဖြစ် Carrie Underwood ကတော့ သူမရဲ့ ၁၃ နှစ်ကြာ အနုပညာသက်တမ်းမှာ Grammy ၇ ဆု၊ CMA ၆ ဆု ၊ ACM ၁၄ ဆုနဲ့ American Music Awards ၁၂ ခု ရရှိထားပြီး အခုလည်း Walk of Fame ရရှိဦးမယ်ဆိုတော့ Country အဆိုတော်တွေထဲမှာ အအောင်မြင်ဆုံးသူတစ်ယောက်ဖြစ်လာပါပြီ။