Casino Party ဆိုတဲ့အတိုင်း ထူးခြားတဲ့ Home Party လေးတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ပွဲတက်မယ့် မိတ်ဆွေအပေါင်းအသင်းတွေအားလုံးကလည်း Casino Party လေးကို အတော်ကြီး မျှော်လင့်ထားကြမှာပဲဖြစ်ပါတယ်။ ဒီလို ထူးခြားဆန်းသစ်တဲ့ Casino Party လေးမှာ ပါတီပွဲနဲ့ လိုက်ဖက်တဲ့ ထူးခြားတဲ့အစား အသောက်တွေကို ပြင်ဆင်ထားပေးဖို့ လိုအပ်တာပေါ့။

Dice Jello Shots

Source : themechoices.blogspot.com

အယ်လ်ကိုဟော ပါဝင်သော ဂျယ်လီတစ်မျိုး ဖြစ်ပါတယ်။ အရသာ ထူးခြားပြီး ပုံသဏ္ဍာန်လေးကလည်း ဆွဲဆောင်မှုရှိတဲ့ Casino Party Food တစ်ခုဖြစ်ပါတယ်။

Card Wine Glass Tags

Source : sharedspace.co.nz

ဆွဲဆောင်မှု ရှိတဲ့ Wine Glass လေးတွေပဲ ဖြစ်ပါတယ်။ ဖန်ခွက်အောက်ခြေမှာ ဒီဇိုင်းမျိုးစုံနဲ့ ကဒ်လေးတွေပါရှိမှာပဲ ဖြစ်ပါတယ်။ တကယ့်ကို အမိုက်စား ဒီဇိုင်းတွေပါပဲ။

Shrimp Galore

Source : ricardocuisine.com

Casino Party တွေမှာ မပါမဖြစ်လို့ ပြောနိုင်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုစွန်ဆိတ်ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ သေးငယ်တဲ့ဖန်ခွက်ထဲမှာ ထည့်ထားပြီး ပုစွန်ကော့တေးပုံစံမျိုး ပုံဖော်ထားတာ ဖြစ်ပါတယ်။

Punny Labels

Source : limaoflor.wordpress.com

Casino Home Party လေးတစ်ခုအဖြစ် အသိအမှတ်ပြုပေးနိုင်မယ့် အမှတ်တံဆိပ်လေးတွေပဲ ဖြစ်ပါတယ်။ အံစာတုံးပုံ၊ ဖဲချပ်ပုံလေးများကို Labels လေးများသဖွယ် ပုံဖော်ပြီး အစားအစာများပေါ်မှာ အလှဆင်ထားတာပဲဖြစ်ပါတယ်။