ဥတုအလိုက် ဝတ်ဆင်တတ်ခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝတ်စားဆင်ယင်မှု ပုံစံပါ။ အခုပြောမှာကတော့ ကျန်းမာရေးနဲ့ညီညွတ်ဖို့အပြင် စတိုင်ကျတဲ့ ဖက်ရှင် Outfit ဖြစ်စေဖို့သိသင့်တဲ့ အချက်တစ်ချို့ပါပဲ။

(၁) တီရှပ်

Source: Pexels

Fitting ကျတဲ့ တီရှပ်လက်တို Short Sleeve တွေဟာ နွေးထွေးတဲ့ ရာသီဥတုမှာ ပေါ့ပါးသွက်လက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ Cotton Shirt အမျိုးအစားတွေကို ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ အရောင်အနေနဲ့အဖြူရောင် ၊ မီးခိုးမှိုင်းအပြင် အပူစုပ်မယ့် နည်း စေတဲ့ ကာလာအဖျော့မျိုး ရွေးချယ်သင့်ပါတယ်။ကြွက်သားတွေ ပေါ်လွင်စေမယ့် တီရှပ်လက်တိုတွေဟာ နွေရာသီ Outfit နဲ့အလိုက်ဖက်ဆုံးပါပဲ။

(၂) လီနင်ရှပ်

Source: Unsplash

ပေါ့ပါးတဲ့ ချည်သားတွေဟာ နွေရာသီမှာ ဝတ်ဆင်ဖို့အကောင်းဆုံး ဖြစ်ပါတယ်။လီနင်ရှပ်တွေဟာ Casual လို ထသွားလာသွား ပေ့ါပေါ့ပါးပါးလည်း ဝတ်နိုင်သလို Formal ကျကျ ပွဲတက်ဝတ်စုံအဖြစ်လည်း ဝတ်နိုင်ပါတယ်။ လေဝင်လေထွက် ကောင်းပြီး ချွေးစုပ်နိုင်တာကြောင့် နွေရာသီနဲ့လည်း တကယ်လိုက်ဖက်ပါတယ်။

(၃) ပိုလိုရှပ်

Source : Bloomberg

ပိုလိုရှပ်တွေဟာ ပူစပ်စပ်ရာသီဥတုမှာ စတိုင်ထုတ်ဖို့အကောင်းဆုံး အဝတ်အစားပါပဲ။ပိုလိုရှပ်ဟာ ယောင်္ကျားဆန်ဆန်ထူးခြားပြီး ရိုးရှင်းတဲ့ အဝတ်အစားထဲမှာ ပါပါတယ်။ ခပ်အိုက်အိုက်ရာသီမျိုးမှာ ဘာဝတ်ရမလဲ ခေါင်းခြောက်မခံချင်ရင် ပိုလိုရှပ်ပဲဝတ်ဖို့အကြံပြုချင်ပါတယ်။

(၄) Printed shirt

Source: Pinterest

အပွင့်တွေ ပါတဲ့ Printed Shirt တွေကလည်း နွေရာသီနဲ့အဆင်ပြေတဲ့ အဝတ်အစားပါပဲ။ ကမ်းခြေဝတ်စုံလို့လည်း ပြောကြတဲ့ Printed Shirt ဟာ ပန်းပွင့်တွေ ၊ ဂရပ်ဖစ်တွေ ၊ Pattern ပုံတွေနဲ့လာပါတယ်။ နည်းနည်းကြောင်တယ်လို့ထင်ရပေမယ့် နွေလိုပူတဲ့ ရာသီမျိုးမှာ Printed Shirt တွေဝတ်ဖို့မကြောက်သင့်ပါဘူး။