Sneaker ဈေးကွက်ဟာ ပိုမိုကျယ်ပြန့်လာတာနဲ့ အမျှ ဒီဇိုင်းတွေလည်း အသစ်သစ်တွေထပ် ထွက်လာပါတယ်။ တဖက်မှာလည်း Hyper-minimal Kick တွေဟာလူကြိုက်များလာပါတယ်။ ဒီလိုနဲ့ပဲ ဘာရွေးရမယ်မှန်းမသိ အကျပ်ရိုက်တတ်ပါတယ်။ တကယ်တော့ Kicks တွေဟာ Sneakers ရဲ့ retro ဒီဇိုင်းတွေကို Inspire ယူထားတာလို့လည်း ပြောလို့ရပါတယ်။ Sneakers တွေဟာ ပြေးဖို့အတွက် ရည်ရွယ်ပြီးထုပ်ထားတာဖြစ်ပေမဲ့ ခုနောက်ပိုင်း ခေတ်စားလာပြီး Suit နဲ့တွဲဖက်ဝတ်ဆင်နိုင်တဲ့ Classic ဖြစ်တဲ့ အနေအထားကိုရောက်ရှိလာပါတယ်။ 

Source: footwearnews.com

အခုနောက်မှပေါ်တဲ့ Sneakers တွေထက် အရင်ကထွက်ထားတဲ့ Retro တွေဟာပိုပြီး လူကြိုက်များပြီး မရှိမဖြစ် Basic Essential လိုအပ်တဲ့ ဖိနပ်တွေဖြစ်လာပါတယ်။ တစ်ချို့ဒီဇိုင်းတွေဆို ဈေးကလည်း အနားမကပ်ရဲလောက်အောင် ကြီးပါတယ်။ ထွက်တဲ့နေ့ပဲဈေးကြီးပေးပြီးလူတွေဝယ်ကြတာမဟုတ်ပါဘူး ထွက်ပြီးနောက်လည်း ဆက်လက်လူကြိုက်များနေတာမျိုးကိုပြောချင်တာပါ။ Retro ဒီဇိုင်းတွေဟာ အသစ်ပေါ်တိုင်း ဖက်ရှင်လောကမှာ အမြဲ လူကြိုက်များပြီး traffic ဖြစ်တဲ့ဖိနပ်အမျိုးအစားပါ။ 

Source: footwearnews.com

ဘာလို Retro Sneakers တွေကိုရွေးချယ်သင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ ပထမဆုံးအားသာချက်က Retro Sneakers ဒီဇိုင်းတွေဟာ Color ကစားတာတော်လို့ Suit နဲ့တောင်တွဲဝတ်လို့ရပါတယ်။ ဒုတိယတစ်ချက်ကတော့ ဖက်ရှင်လောကမှာအမြဲရေပန်းစားနေပါတယ်။

Source: footwearnews.com

ဖိနပ်ဝယ်မယ်ဆို အရေအသွေးကောင်းဖို့ ဦးစားပေးသင့်ပါတယ်။ Retro Sneakers တွေဟာလွန်ခဲ့တဲ့ နှစ်၆၀လောက်ကပေါ်ခဲ့တဲ့ Quality အတိုင်းဘဲ အရည်အသွေး မလျှော့ခဲ့ပါဘူး။ ၁၉၇၀လောက်က ခေတ်စား ထားတဲ့ Retro ဒီဇိုင်းတွေကို Inspire ယူပြီးပြန်ထုတ်ထားလို အမြင်သာရိုးပေမယ့် ခေတ်ဆန်တဲ့လူငယ်အမြင်ကိုရစေမှာပါ။

Source: footwearnews.com