သင်ဟာ ယောကျာင်္းလေးတစ်ယောက်ဖြစ်ပေမယ့် ဆံပင်ရှည်ကို ထိန်းသိမ်းနိုင်သူဆိုရင်တော့ အရာရာကိုစိတ်ရှည်နိုင် ရောင့်ရဲနိုင် သည်းခံနိုင်စိတ်များသူတယောက်ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက သုံးသပ်ထားပါတယ်။ စာရေးသူသတိထားမိသလောက်တော့ ယောင်္ကျားလေးအများစုဟာ အလယ်အလတ်အရွယ်မှာ များသောအားဖြင့်၂၂ ကျော်ကျော်လောက်မှာ ဆံပင်ရှည်ထားဖို့ ပိုးဝင်လာတတ်ပါတယ်။

Source: menshairstylestoday.com

ဒါပေမယ့် ဆံပင်ရှည်ထားတာဟာ ယောင်္ကျားလေးတိုင်းနဲ့မလိုက်ပါဘူး။ ဒီလိုနဲ့ပဲ မလိုက်လို့မထားဖြစ်သူနဲ့ မထိန်းသိမ်းနိုင်လို့မထားတော့တဲ့သူနဲ့ စိတ်မရှည်လို့မထားတော့တယ်လူနဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အကြောင်း အမျိုးမျိုးကြောင့် လက်လျှော့တတ်ကြပါတယ်။

Source: menshairstylestoday.com

ဒီလိုတွေမဖြစ်ရလေအောင် ကွီးတို့အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ရလေအောင် ဆံသားလှပ ပုရိသတွေဖြစ်ရလေအောင် Celebrity တွေထားကြတဲ့ ဆံပင်အရှည်ပုံစံ အလန်းလေးတွေကို အလင်းပြလိုက်ပါတယ်။

Source: menshairstylestoday.com

လူတယောက်နဲ့ တယောက်ဟာ မျက်နှာကျပုံ မတူပေမဲ့ ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် Face Shape နဲ့ ကိုက်မယ့် ပုံစံကိုနေတော့ အလေးပေးရွေးချယ်သင့်ပါတယ်။ အရွေးချယ်မမှားရလေအောင် အတည်ပြုတဲ့အနေနဲ့ ကိုယ့်ကို အပြတ်ဝေဖန်ပေးမယ့် သူငယ်ချင်း အရင်းအချာတွေကိုမေးပြီး အကြံဥာဏ် အရင်တောင်းသင့်ပါတယ်။ ကွီးတို့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။

Source: menshairstylestoday.com