ဥရောပဒေသတွင်းမှာတော့ ချန်ပီယံလိဂ်ဆုဖလားဟာ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲကြီးပါ။ ဥရောပလိဂ်အသီးသီးမှ ထိပ်သီးအသင်းတွေသာ ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ထိတွေ့ခွင့်ရဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်လှပါတယ်။ ချန်ပီယံလိဂ်မရဖူးတဲ့ နာမည်ကျော်ကစားသမားတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

(၁) Pavel Nedved – Juventus

Source: sillyseason.com

သူဟာ (၁၉၉၀) လောက်တုန်းက အီတလီမြေမှာ နာမည်ကျော်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကောင်းမွန်တိကျတဲ့ လူပေးပို့မှုတွေ၊ အလိမ်အခေါက်တွေကြောင့် နာမည်ကျော်လာတာဖြစ်ပါတယ်။ သူဟာလည်း ချန်ပီယံလိဂ်ဆုဖလားနဲ့ကံချင်းမတိုက်ဆိုင်၍ မရသွားခဲ့ပါဘူး။

(၂) Patrick Vieira – Arsenal

Source: sillyseason.com

အာဆင်နယ်အသင်းမှာ ထွန်းတောက်ခဲ့တဲ့သူဟာလည်း ချန်ပီယံလိဂ်နဲ့ဝေးခဲ့ရပါတယ်။ (၂၀၀၆) ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိတတ်ရောက်ခဲ့ပေမဲ့ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ရပါတယ်။

(၃) Gianluigi Buffon – Juventus

Source: sillyseason.com

အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားဖူးတဲ့ ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ကတော့ ချန်ပီယံလိဂ်ကို မရရှိခဲ့ဖူးပါဘူး။ သူဟာ ချန်ပီယံလိဂ်နဲ့ ကံခေနေတာဖြစ်ပြီး ယခုအချိန်မှာတော့ အသက် (၄၀) ကျော်နေပြီလည်းဖြစ်ပါတယ်။

(၂) Diego Maradona – Napoli

Source: sillyseason.com

အာဂျင်တီးနားဂန္တ၀င်ကစားသမားကြီး မာရာဒိုနာဟာလည်း ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဖူးပါဘူး။ သူဟာ နာပိုလီအသင်းနဲ့အတူာ ချန်ပီယံလိဂ်နှစ်ကြိမ်ပြိုင်ခဲ့ဖူသော်လည်း ဖလားနဲ့တော့ ဝေးခဲ့ပါတယ်။

(၁) Ronaldo – Real Madrid

Source: sillyseason.com

ဘရာဇီးရော်နယ်ဒိုဟာလည်း ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဖူးပါဘူး။ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးလို့ဆိုရမည့်သူဟာ ချန်ပီယံလိဂ်တော့ မရခဲ့ပါဘူး။ ရီးရဲလ်၊ အင်တာ၊ အေစီ၊ ဘာစီလိုနာအစရှိတဲ့ ကလပ်အသင်းတွေမှာ ကစားခဲ့သော်လည်း ချန်ပီယံလိဂ်ကံတော့ခေခဲ့ပါတယ်။