သင်ကြားဖူးမှာပါ။ အချို့နာမည်ကြီးကစားသမားတွေ ချန်ပီယံလိဂ်ဆုဖလားနဲ့ ဝေးကွာတဲ့အဖြစ်မျိုးတွေ။ ချန်ပီယံလိဂ်ဖလားအများဆုံးရရှိတဲ့ကစားသမားတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

3. Clarence Seedorf

Source: sillyseason.com

သူဟာ အေစီမီလန်အသင်းမှာ အောင်မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို လေးကြိမ်တိုင်တိုင်ရရှိခဲ့ဘူးပါတယ်။ အဆိုပါဖလားတွေကို မတူညီတဲ့ ကလပ်အသင်းတွေနဲ့ အတူရရှိခဲ့တာဖြစ်ပါတယ်။ အေဂျက်၊ အေစီမီလန်၊ ဘာစီလိုနာအသင်းအစရှိတဲ့ မတူညီတဲ့အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာပါ။

2. Cristiano Ronaldo

Source: sillyseason.com

ဘောလုံးအကျော်အမော် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်တိုင်တိုင်ရရှိခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မတ်ထရစ်အသင်းတို့နဲ့အတူရရှိခဲ့တာပါ။ ယခုနှစ်တွင်လည်း ငါးကြိမ်မြှောက်ဖလားရရှိဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေပါပြီ။

1.Andrés Iniesta

Source: sillyseason.com

ယခုနှစ်မှာ အနားယူတော့မယ့် ဘာစီလိုနာကစားသမား အင်ဒီယေစတာဟာလည်း ချန်ပီယံဆုဖလားကို လေးကြိမ်တိုင်တိုင်ရရှိခဲ့ဖူးပါတယ်။ (၂၀၀၆) ၊ (၂၀၀၉) ၊ (၂၀၁၁)  ၊ (၂၀၁၅) တို့မှာ ရရှိခဲ့တာဖြစ်ပါတယ်။