ဥရောပဒေသတွင်းမှာတော့ ချန်ပီယံလိဂ်ဆုဖလားဟာ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲကြီးပါ။ ဥရောပလိဂ်အသီးသီးမှ ထိပ်သီးအသင်းတွေသာ ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ထိတွေ့ခွင့်ရဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်လှပါတယ်။ ချန်ပီယံလိဂ်မရဖူးတဲ့ နာမည်ကျော်ကစားသမားတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

(၁) Robert Lewandowski (ဘိုင်ယန်မြူးနစ်)

Source: sillyseason.com

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက် လီဝမ်ဒေါ့စကီးဟာလည်း ချန်ပီယံလိဂ်ဖလားကို မရရှိသေးပါဘူး။ သူဟာ ဘွန်ဒက်လီဂါအသင်းတွေဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ ကစားခဲ့ဖူးပြီး ချန်ပီယံလိဂ်ဖလားကိုတော့ ထိတွေ့ခွင့်မရှိသေးတာဖြစ်ပါတယ်။ ယခုနှစ် ချန်ပီယံလိဂ်ဆီးမီးမှာလည်း ရီးရဲလ်အသင်းရဲ့ နောက်ကောက်ချခြင်းကို ဘိုင်ယန်မြူးနစ်အသင်းခံခဲ့ရပါတယ်။

(၂) Giorgio Chiellini – (ဂျူဗင်တပ်စ်)

Source: sillyseason.com

သူရဲ့ကစားသမားဘ၀ပြီးဆုံးဖို့ကတော့ နီးကပ်လာပြီးဖြစ်ပါတယ်။ အဆိုပါ ဂျုဗင်အသင်းရဲ့နာမည်ကျော် ကြယ်ပွင့်ကစားသမားအနေနဲ့တော့ ချန်ပီယံလိဂ်ဖလားမရရှိသေးတာဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်ကချန်ပီယံလိဂ်ဗိုလ်လုပွဲတတ်ရောက်ခဲ့ပေမဲ့ ဘာစီလိုနာကို ရှုံးနိမ့်ကာ ဖလားနဲ့ဝေးကွာခဲ့ရတာပါ။

(၃) Sol Campbell – (အာဆင်နယ်)

Source: sillyseason.com

အာဆယ်နယ်အသင်းရဲ့ နာမည်ကျော်ခံစစ်မှူးဟောင်း ကမ်းဘဲလ်ဟာလည်း ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့ဖူးပါဘူး။ (၂၀၀၆) ခုနှစ်က သူပါဝင်တဲ့ အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲတတ်ရောက်ခဲ့ပေမဲ့ ဘာစီလိုနာကို အရေးနိမ့်ခဲ့ပါတယ်။

(၄) Zlatan Ibrahimovic

Source: sillyseason.com

လိဂ်ပေါင်းစုံ၊ အသင်းအများအပြားမှာကစားခဲ့ဖူးတဲ့ အီဖရာဟင်မိုဗစ်ဟာလည်း ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့ဖူးပါဘူး။ သူရဲ့ကစားသမားဘ၀ကနေ၀င်ချိန်ကိုရောက်ရှိနေပါပြီ။ ဘာစီလိုနာ၊ အင်တာမီလန်၊ PSG၊ မန်ချက်စတာယူနိုက်တက် အစရှိတဲ့ ဥရောပထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးသော်လည်း ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဖူးတာဖြစ်ပါတယ်။

(၅) Lothar Matthäus – (ဘိုင်ယန်မြူးနစ်)

Source: sillyseason.com

သူဟာလည်း ချန်ပီယံလိဂ်ဖလားနဲ့ဝေးခဲ့ရပါတယ်။ (၁၉၉၉) ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖလားရဖို့နီးစပ်ခဲ့သော်လည်း မန်ယူအသင်းရဲ့ အချိန်ပိုနောက်ကျဂိုးတွေကြောင့် ချန်ပီယံလိဂ်အိပ်မက်ကို စွန့်လွတ်ခဲ့ရပါတယ်။