ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ တကယ်ကို ဆွဲဆောင်မှုရှိလှတဲ့ ပြိုင်ပွဲကြီးပါ။ ဥရောပဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်ပြီး ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လှပါတယ်။ မြန်မာပြည်သူတွေဟာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးနဲ့ သိပ်တော့မစိမ်းလှပါဘူး။

ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာ မြန်မာစံတော်ချိန် သန်ခေါင်ကျော်လောက်မှာမှ ကန်လေ့ရှိပြီး ဘောလုံးဝါသနာအိုးကိုကိုတွေကတော့ ထိုအချိန်တွေထိတိုင် အိပ်ရေးပျက်ခံပြီး စောင့်ကြည့်လေ့ရှိတာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖလားအများဆုံးရရှိထားတဲ့အသင်းတွေက ဘယ်အသင်းတွေဖြစ်မလဲ?

Source: www.uefa.com

ရီးရဲမတ်ထရစ်ကတော့ (၂၀၁၆) (၂၀၁၇) ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်ပြီး ယခုနှစ် (၂၀၁၈) ပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ရန်ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

Source: www.uefa.com

ချန်ပီယံလိဂ်အများဆုံးရရှိထားတဲ့အသင်းအစဉ်လိုက်ကတော့

(၁) ရီးရဲမတ်ထရစ် (၁၂ ကြိမ်)

Source: www.Daily Mirror.com

(၂) အေစီမီလန် (၇ ကြိမ်)

(၃) ဘိုင်ယန်မြူးနစ် (၅ ကြိမ်)

(၄) ဘာစီလိုနာ (၅ ကြိမ်)

(၅)  လီဗာပူး (၅ ကြိမ်)

(၆) အေဂျက် (၄ ကြိမ်)

Source: zimbio.com

(၇) အင်တာမီလန် (၃ ကြိမ်)

(၈) မန်ချက်စတာယူနိုက်တက် (၃ ကြိမ်) တို့ဖြစ်ကြပါတယ်။

ဒီနှစ်တွင်လည်း ချန်ပီယံလိဂ်ရင်ခုန်သံစည်းချက်သံတွေက မြင့်မားလာနေပါပြီ။ ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကြီးကို ထပ်မံဆွတ်ခူးသွားမလဲဆိုတာ အားလုံးရင်ခုန်စွာနဲ့စောင့်ကြည့်ရအောင်ဗျာ။