တရုတ်စူပါလိဂ်ဟာ တော်တော်လေးကို အဆင့်အတန်းမြင့်လာပါတယ်။ ငွေကြေးတွေလှိုင်လှိုင်သုံးပြီး ကစားသမားကောင်းများစွာကို ပြည်တွင်းလိဂ်သို့ ခေါ်ဆောင်လေ့ရှိပါတယ်။ ကစားသမားတွေကိုလည်း မက်လောက်စရာ အခကြေးငွေတွေပေးပြီးတော့ ကမ်းလှမ်းလေ့ရှိပါတယ်။ ဥရောပရဲ့ မုဆိုးကြီးတွေဖြစ်တဲ့ Hulk, Tevez, Lavezzi တို့တောင်တရုတ်စူပါလိဂ်ကို ရောက်ရှိခဲ့ပါပြီ။ တရုတ်စူပါလိဂ်မှာ အခကြေးငွေ အများဆုံးရနေတဲ့ကစားသမားငါယောက်ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
Source: sillyseason.com
# | ဘောလုံးသမား | ကလပ်အသင်း | တစ်ပက်လစာ |
1 | Oscar | Shanghai SIPG | £400,000 |
2 | Hulk | Shanghai SIPG | £320,000 |
3 | Axel Witsel | Tianjin Quanjian | £300,000 |
4 | Ezequiel Lavezzi | Hebei China Fortune | £290,000 |
5 | Graziano Pelle | Shandong Luneng Taishan FC | £290,000 |
Source: sillyseason.com
လစာနှုန်းထားတွေက တော်တော်လေးကို မြင့်မားလာပါပြီ။ တရုတ်စူပါလိဂ်ဟာ နာမည်ကျော်ဇရာကျကစားသမားတွေရဲ့ ပစ်မှတ်ဖြစ်လာပါပြီ။ အသက်အရွယ်ရလာလို့ ဥရောပမှာ ခြေစွမ်းမပြနိုင်ရင် တရုတ်သို့သွားလိုက်မယ်ဆိုတဲ့ အတွေးတွေလည်း ၀င်လာပါပြီ။ လစာနှုန်းထားက တော်တော်လေးရတာကိုဗျ။ တရုတ်စူပါလိဂ်ရဲ့တိုးတတ်မှုကိုလည်း တစ်ချက်လောက်စောင့်ကြည့်ရအောင်။