အသက် ၃၇ နှစ်ပဲရှိသေးတဲ့ Christina Aguilera ဟာ လူတိုင်း ကျား၊ မ မရွေးကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ Christina ဟာ ပြီးခဲ့တဲ့ Jimmy Kimmel Live မှာ သူမရဲ့ ခံစားချက်တစ်ချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: usmagazine.com
အခုလိုမျိုး ပြောကြားခဲ့တဲ့အထဲမှာ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုပါဝင်ပြီး အဲ့ဒါကတော့ သူမရဲ့ ပြိုင်ဘက်တစ်ယောက်အနေနဲ့ အမြဲသတ်မှတ်ခံထားရတဲ့ Britney Spears နဲ့ ပတ်သတ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ သူမက အေးဆေးပဲ လူတိုင်းက အတိတ်မှာတုန်းက Britney နဲ့ Christina ကို ပြိုင်ဘက်တွေအဖြစ်မြင်ထားကြပေမယ့် အခုလိုမျိုးသာ Social Media တွေရှိနေခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ သီချင်းအတူဖန်တီးနိုင်ဖြစ်ခဲ့မယ်လို့ ပြောကြားခဲ့တာပါ။
အခုလိုပြောကြားမှုအပြီးမှာ Host ဖြစ်တဲ့ Jimmy ကနေ အခုလည်း နောက်မကျသေးပါဘူးလို့ ဆိုပြီးတော့ အဆိုပါ တွဲဖက်မှုက ရှိလာနိုင်ဦးမလားဆိုပြီး ထပ်မံမေးမြန်းတဲ့အချိန်မှာလည်း Christina က တကယ်လို့သာ Britney ရဲ့ ဂုဏ်သိက္ခာကသာ လက်ခံနိုင်တယ်ဆိုရင် ဒါက အချိန်မရွေးဖြစ်နိုင်တယ်လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလို Christina ရဲ့ ပြောကြားမှုကို Britney ကသာ လက်ခံမယ်ဆိုရင် တကယ့် Pop ဘုရင်မ ၂ ယောက်ရဲ့ တွဲဖက်မှုကို မြင်လာရတော့မှာပါ။
Source: MSN.com
Christina Aguilera ဟာ လောလောဆယ်မှာ သီချင်းအသစ်တွေထွက်ရှိထားတာနည်းပါးပေမယ့် ယခင်တုန်းက A Great Big World နဲ့ တွဲဖက်သီဆိုထားတဲ့ Say Something လို သီချင်းတွေမှာ အလွန်အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။