နွေ၊ မိုး၊ ဆောင်း ရာသီတိုင်းမှာ စတိုင်အလန်းစားတွေနဲ့ အမြဲမိုက်နေတတ်တဲ့ အမျိုးသားတွေဆီမှာ စတိုင်လ်ကျလှပပြီး ရေစိုခံတဲ့နာရီတစ်လုံးတော့ ရှိစမြဲပါပဲ။ ကမ်းခြေသွားမလား၊ ရေကူးကန်ထဲမှာ ရေကူး အားကစား လုပ်ဆောင်မလား၊ မိုးသည်းထဲမှာ စတိုင်ကျကျ ပြေးလွှားပြီး အလုပ်တွေလုပ်ကြမလား။ စတိုင်ကျတဲ့ ဂန္တ၀င်မြောက် အမျိုးသားတွေအတွက် ဒီဇိုင်းအလန်းတွေနဲ့ Brand အမြင့်စား ရေစိုခံနာရီတွေ ရှိတယ်လေ။
Seiko Prospex SRPB53
Source : Time and Watches
ဂန္တ၀င်မြောက်အောင် စတိုင်ကျ ခန့်ညားလွန်းတဲ့ နာရီဒီဇိုင်းပဲဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်တွေကနေ ယနေ့ခေတ်အထိ မရိုးနိုင်တဲ့ အထက်တန်းကျကျ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ လုံးဝအရောင်ပျက်ခြင်းမရှိဘဲ အပြာရောင်ကျောက်တွေကို ပုံဖော်ပြီးဒီဇိုင်းထွင်ထားပါတယ်။ Water – Resistant ကတော့ ရေအောက်မီတာ -၂၀၀ ထိ ခံနိုင်ရည်ရှိပါတယ်။
Oris Aquis Depth Guage
Source: aBlogtoWatch
ရေငုပ်ဖို့အတွက် အထူးတီထွင်ထားသလား၊ ထင်မှတ်ရလောက်အောင်ကို ရေစိုခံပါတယ်။ ရေအောက်အနက်ဆုံးထိအောင် သွားရောက်နိုင်ပါတယ်။ အဖြိုက်နက်သတ္တုနဲ့ပြုလုပ်ထားပြီး ကြာရှည်ခံခြင်း ၀န်ဆောင်မှုကို အထူးပေးနိုင်ပါတယ်။
Mido Ocean Star Caliber 80
Source : uhrforum.de
တိုက်တေနီယံသတ္တုနဲ့ပြုလုပ်ထားပြီး ရာဘာလက်ပတ်ကြိုးနဲ့ဖြစ်ပါတယ်။ ဆွစ်ဇာလန် Made ဖြစ်ပြီး တောက်ပတဲ့အရောင်အဆင်းနဲ့ အကြမ်းခံမှုကတော့ ပြိုင်ဘက်ကင်းပဲ ဖြစ်ပါတယ်။ ရေထဲမှာ နာရီ -၈၀ခန့်အထိ အသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။