အမျိုးသားတွေအတွက် ပထမဦးဆုံးဒိတ်မှာ ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေဆီက Impression ရဖို့က အရေးပါပါတယ်။ အရင်တစ်ခေါက်က ဒိတ်လုပ်ရင် ဘာဝတ်သင့်လဲဆိုတာကို နည်းလမ်းပေးပြီးပြီဆိုတော့ ဒီတစ်ခါအမှားမလုပ်မိအောင် ဘယ်လိုဝတ်ဆင်မှုတွေကို ရှောင်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
အမျိုးသားအများစုက Jeans Wear တွေဆိုသဘောကျတတ်လို့ Jeans နဲ့ပတ်သက်ပြီး မဝတ်သင့်တာလေးတွေကို အရင်ပြောပေးသွားမှာဖြစ်ပါတယ်။ Embroidered Jeans ဒါမှမဟုတ် Bootcut Jeans လို့ခေါ်တဲ့ အိတ်ကပ်တန်ဆာပလာတွေများပြီး Cuttingမကောင်းတဲ့ဂျင်းဘောင်းဘီတွေကို မဝတ်ဆင်သင့်ပါဘူး။
Source: buzzfeed.com
ဂျိုင်းပေါက်ကျယ်တဲ့Tank Tops တွေမဝတ်သင့်ပါဘူး။ သင်ဟာ Gym အမြဲသွားပြီး ဘော်ဒီအရမ်းလှနေရင်တော့တစ်မျိုးပေါ့ သို့ပေမယ့် ပထမဒိတ်မှာဝတ်ဖို့အတွက်ဆိုရင်တော့ မသင့်တော်လှပါဘူး။
နောက်ပြီး သင်ဟာမည်သိပင်အားကစားဝါသနာရှင်ဖြစ်နေပါစေ Basketball Jerseys တွေ ဘောလုံးအင်္ကျီတွေဘယ်တော့မှမဝတ်သွားပါနဲ့ ဒီအချက်ဟာ မိန်းကလေးတွေအမုန်းဆုံးပါ။
Source: buzzfeed.com
တီရှပ်မှာပေါက်ကရစာတန်းတွေ ပုံတွေပါတာကိုလုံးဝဝတ်လို့မသင့်တော်ပါဘူး။ ဒါကြောင့် ဒီလိုမျိုးTee တွေကိုရှောင်သင့်ပါတယ်။
ကမ်းခြေသွားတဲ့အထာမျိုး အပွင့်တွေ Fancy ရှပ်အင်္ကျီဝတ်ဆင်တာတွေကိုလဲ သတိထားသင့်ပါတယ် အထင်မကြီးတဲ့အပြင် Gay လို့တောင် ထင်ကောင်းထင်သွားနိုင်ဖွယ်ရာရှိပါတယ်။
Source: buzzfeed.com
ဘောင်းဘီနဲ့ပတ်သက်ပြီး ထပ်ပြောရရင် Cargo ဘောင်းဘီအတိုတွေ မဝတ်သင့်ပါဘူး။ ကလေးအရွယ်တုန်းက ဝတ်တာကြည့်ကောင်းပေမယ့် ကိုယ့် Impress ဖြစ်စေချင်တဲ့သူအရှေ့မှာ ဖက်ရှင်အမြင်မရှိတဲ့သူဆိုပြီး ထင်သွားနိုင်ပါတယ်။ နောက်ပြီး Board Shorts ၊ Capris တွေလိုမျိုးဒူးအောက် ကွာတဘောင်းဘီတွေကို ရှောင်သင့်ပါတယ်။ အရမ်းအထာကျတယ်လို့ထင်ရအောင် Dancer တွေဝတ်ဆင်လေ့ရှိတဲ့ Drop-Crotch ဘောင်းဘီပုံစံတွေလို ကိုယ်နဲ့မတော်ပဲ ကြီးတယ်လို့ထင်ရတဲ့ ဘောင်းဘီတွေကိုလည်း မဝတ်မိအောင် သတိထားသင့်ပါတယ်။ ဒီလောက်ဆိုရင်တော့ သင့်ရဲ့ First Date မှာအဝတ်အစားနဲ့ ပတ်သက်ပြီးရွေးချယ်မှု မမှားလောက်တော့ဘူးလို့ မျှော်လင့်ပါတယ်။