ကလပ်ထဲမှာလည်း ကချင်တယ်။ ဒါပေမယ့်လည်း မူးရူးပြီးကချင်တာမျိုး သူများတွေစိတ်ပျက်ရလောက်အောင် သောင်းကျန်းပြီးကနေတာမျိုး မဟုတ်ဘဲ အထာကျကျ စတိုင်မိမိ ကချင်ကြသူတွေအတွက် ကလပ်မှာ ဂေါ်လို့ရတဲ့ ကနည်းလေးကို မျှပေးချင်ပါတယ်။
ပထမအဆင့်
Source: udemy.com
ပထမဆုံးတော့ ပခုံးတွေကိုပဲ စည်းချက်ကျကျ ရှေ့ကို ယိမ်းကရမှာပါ။ ပခုံးတွေကို တစ်ဘက်တစ်ချက်စီ ယိမ်းရင်း တစ်ဘက်ချင်းစီကို ၁ကနေ ၈အထိ နှစ်ကြိမ်လောက် ရွတ်ဆိုပြီးကပါ။
ဒုတိယအဆင့်
Source: comedycentral.co.uk
ပထမအဆင့်ကတာ နည်းနည်းလေး အရှိန်လည်းရလာပြီ။ လူကလည်း တဖြည်းဖြည်းမြူးလာပြီဆိုရင် ဒုတိယအဆင့်ကို တက်ပါမယ်။ ဒုတိယအဆင့်မှာတော့ ပခုံးတွေကိုပဲ ရှေ့ထိုးနောက်ငင် ကပါမယ်။ ပထမအဆင့်လိုပါပဲ။ ၁ ကနေ ၈ အထိ နှစ်ကြိမ်ပါ။ လက်တွေကိုတော့ အထာကျကျဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလို့ရပါတယ်။
တတိယအဆင့်
Source: Dance Off
နောက်တဆင့်ကတော့ လက်တွေပါလာပါပြီ။ လက်ကို ကြက်ခြေခတ် ပုံစံမျိုး ရင်ဘတ်မှာ ထားလိုက် ပြန်ဖြေလိုက် (ပြန်ကားလိုက်) လုပ်ပြီးကရမှာပါ။ ထုံးစံအတိုင်း ၁ ကနေ ၈ အထိ နှစ်ကြိမ်ပါ။
နောက်ဆုံးအဆင့်
Source: Dance Off
ဒါကတော့ နောက်ဆုံးကကွက်ပါ။ ဒီကကွက်ကို ရှိုးပွဲတွေမှာ အတွေ့ရများပါတယ်။ လက်နှစ်ဘက်ကို ခေါင်းနားမှာ ရှေ့ထိုးနောက်ငင်ကတဲ့ကကွက်ပါ။ ခေါင်းနားကနေ ရှေ့တိုးနောက်ငင်လုပ်ရင်းတဖြေးဖြေးနဲ့ ရှေ့ဘက်ကို ဆင်းသွားတဲ့ကကွက်မျိုးပါ။ ရင်ဘတ်ရှေ့ရောက်သွားရင်တော့ လက်တွေကို မှောက်ခုံအနေအထားမဟုတ်ဘဲ ပက်လက်အနေအထားပြောင်းကပါ။
Source: udemy.com
ဒီကကွက် ၄ မျိုးလေးနဲ့ အိနြေ္ဒရရ စတိုင်ကျကျ ဂေါ်လို့ရပါပြီ။ သိပ်လည်း သောင်းကျန်းမနေဘဲ အထာကျလွန်းလို့ ကောင်မလေးတွေက ရှင့်ကိုပဲ ငေးကြည့်နေမှာသေချာပါတယ်။