သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ပါတီပွဲလေး ဆင်နွှဲချင်တယ်။ လူတွေရှုပ်နေတဲ့ Bar တွေ၊ Club တွေလည်း မသွားချင်ဘူး ဖြစ်နေပါသလား။ ဒါဆို အလွယ်လေးပါပဲ။ မိတ်ဆွေ၊အပေါင်းအသင်းတွေပဲ သီးသန့် တွေ့ဆုံ ပျော်ပါးနိုင်တဲ့ Cocktail Party တစ်ခုကို အိမ်မှာကျင်းပလိုက်ပါ။

Cocktail Party

Source: sipsmith.com

Cocktail Party ဆိုတာ ဘယ်လို ပါတီမျိုး ဖြစ်မလဲ။ တကယ်တော့ Cocktail Party ဆိုတာ Cocktail ကို အဓိကထားပြီး တည်ခင်းဧည့်ခံတဲ့ ပါတီပဲ ဖြစ်ပါတယ်။

Old Fashioned

Source: Today Show

ဆန်းသစ်တဲ့ အရသာတစ်မျိုး ဖြစ်ပါတယ်။ Rye Whiskey ၊သကြား တို့နဲ့ ဖျော်စပ်ထားတဲ့ ခပ်မိုက်မိုက် Cocktail တစ်မျိုး ဖြစ်ပါတယ်။ လိမ္မော်ခွံလေးများနှင့်လည်း အလှဆင်ထားနိုင်ပါသေးတယ်။

Margarita

Source: BBC.com

အပြင်းစား မက္ကဆီကို အရက်တစ်မျိုးကို သံပရာရည်နှင့်ရော၍ ဖေါ်စပ်ထားသော Cocktail ဖြစ်ပါတယ်။ သံပရာရနံ့ မွှေးမွှေးလေးနှင့် ဆွဲဆောင်မှုကတော့ အပြည့်ပါပဲ။

Moscow Mule

Source: Tablespoon.com

ပေါ်ပြူလာအဖြစ်ဆုံး Cocktail တစ်မျိုးပါ။ ရုရှား အရက်တစ်မျိုးဖြစ်သည့် Vodka ၊ Ginger  Beer နဲ့ သံပရာရည် တို့ကို ပေါင်းစပ်ကာ အချိုးကျကျ ဖေါ်စပ်ထားသော လူကြိုက်များသည့် Cocktail ဖြစ်ပါတယ်။