Metal လို့ ကြားလိုက်တာနဲ့တင် လူတိုင်းတွေးမိ ထင်မိတာက အမိုက်စား Heavy Metal သီချင်းတွေကို အကြမ်းဆုံးစာသားတွေနဲ့ Mood အပြည် ဟန်ပန်အပြည့်နဲ့ သီဆိုကြတယ်လို့ပဲ ထင်ကြပါတယ်။ နောက်ပြီး Metal Artist တွေက သူတို့ Society နဲ့ သူတို့သာ သီးသန့်နေထိုင်သူတွေဖြစ်ကြတဲ့အတွက် အခြားသော Music Type ဖြစ်တဲ့ Pop ၊ R&B ၊ Jazz စတဲ့ Music Artist တွေ Music တွေနဲ့ အကျွမ်းတဝင်မရှိကြပါဘူး။

Source: overdrive.ie

သို့ပေမယ့်လည်း Metal Artist တွေအနေနဲ့ သူတို့ပုံ သူတို့ဟန်နဲ့ Pop သီချင်းအမျိုးအစားကို ပြန်လည်သီဆိုထားတဲ့ ပြန်ဆိုတေးသီချင်းတွေလည်း ရှိလို့နေပါသေးတယ်။ အခုလိုပြန်လည်သီဆိုတာကတော့ ရှိပြီးသား Original Song ရဲ့ အမာခံပရိသတ်တွေ လက်ခံနိုင်ဖို့ဆိုတာတော့ အတော်လေးကို ခက်ခဲနေပါတယ်။

တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင်လည်း အခုလိုမျိုး Metal Mood အပြည့်နဲ့ Pop Song တွေကို ပြန်ဆိုတေးအဖြစ် ဖန်တီးလိုက်တဲ့အတွက် Original Song ရဲ့ Music Type ကို မနှစ်သက်သောလည်း Lyrics တွေကို ကြိုက်နှစ်သက်ပြီး Metal Fan တွေအတွက် Metal Mood နဲ့ နားဆင်လို့ရနိုင်သွားတယ်။ Metal Fan မဟုတ်တဲ့ ပရိသတ်တွေအတွက်လည်း ဆန်းသစ်တဲ့ ရသတစ်ခုကို ခံစားရစေနိုင်ပါတယ်။

Source: loudwire.com

Heavy Metal Band တွေမှာ ပြန်ဆိုတေးသီချင်းတွေကို ပြောပြပါဆိုရင်တော့ အကောင်းဆုံး ပြန်ဆိုတေးသီချင်း ၁၀ပုဒ်ဆိုပြီး ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

၁။ Led Zeppelin မှ ပြန်လည်သီဆိုထားတဲ့ “When the Levee Breaks” (မူရင်းအဆိုရှင် Memphis Minnie)
၂။ Megadeth မှ ပြန်လည်သီဆိုထားတဲ့ “These Boots” (မူရင်းအဆိုရှင် Nancy Sinatra)
၃။ Mordred မှ ပြန်လည်သီဆိုထားတဲ့ “Super Freak” (မူရင်းအဆိုရှင် Rick James
၎။ Type O Negative မှ ပြန်လည်သီဆိုထားတဲ့ “Cinnamon Girl” (မူရင်းအဆိုရှင် Neil Young)
၅။ Anthrax မှ ပြန်လည်သီဆိုထားတဲ့ “Got the Time” (မူရင်းအဆိုရှင် Joe Jackson)
၆။ Machine Head မှ ပြန်လည်သီဆိုထားတဲ့ “Message in a Bottle” (မူရင်းအဆိုရှင် The Police)
၇။ Rammstein မှ ပြန်လည်သီဆိုထားတဲ့ “Stripped” (မူရင်းအဆိုရှင် Depeche Mode)
၈။ Children of Bodom မှ ပြန်လည်သီဆိုထားတဲ့ “Oops I did it Again” (မူရင်းအဆိုရှင် Britney Spears)
၉။ Ghost B.C. မှ ပြန်လည်သီဆိုထားတဲ့ “I’m a Marionette” (မူရင်းအဆိုရှင် ABBA)
၁၀။ Between the Buried and Me မှ ပြန်လည်သီဆိုထားတဲ့“ Bicycle Race” (မူရင်းအဆိုရှင် Queen)

Metal Fan တွေအတွက်ရော Metal အသွင်ပြောင်းပြီး ပန်ဆိုတေးသီချင်းအဖြစ် ဖန်တီးထားတဲ့ သီချင်းတွေကို ရသတစ်ခုအနေနဲ့ ခံစားလို့ရနိုင်အောင် အခုလိုပဲ တင်ဆက်ပေးလိုက်ပါတယ်။