[Zawgyi]

တစ္ညကို ၆ နာရီခဲြပဲ အိပ္ျဖစ္တဲ့ ေက်ာင္းသားေတြဟာ သူ ့ထက္ တစ္နာရီပိုအိပ္တဲ့ ေက်ာင္းသားထက္ ရမွတ္နည္းဖို ့၅၀% အလားအလာ ျမင့္တယ္လို ့ဆိုပါတယ္။

မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္က သုေတသီေတြ ပါဝင္တဲ့ အဖဲြ ့ဟာ အိပ္ေရးမဝျခင္းေၾကာင့္ စိတ္ဖိစီးမႈျဖစ္ပြားျခင္းနဲ ့ေက်ာင္းသားေတြ ရလဒ္က်ဆင္းျခင္းအေပၚ အေထာက္အထားသစ္ေတြ ရရိွဖို ့ေလ့လာခဲ့တာပါ။ ေလ့လာမႈသိပၸံဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ဒီေလ့လာမႈအရ တစ္ည ၆ နာရီခဲြပဲ အိပ္တဲ့ ေက်ာင္းသားေတြဟာ အိပ္ခ်ိန္ ၈ နာရီေက်ာ္ရိွတဲ့ ေက်ာင္းသားေတြထက္ အမွတ္နည္းဖို ့၅၀% ပိုမ်ားတယ္လို ့ဆုိပါတယ္။

Source: mattressadvisor

သုေတသနမွာ MIT အင္ဂ်င္နီယာေက်ာင္းသားေပါင္း ၁၀၀ ပါဝင္ခဲ့ျပီး ဒီေက်ာင္းသားေတြမွာ Fitbits စမတ္လက္ပတ္ေတြ ဝတ္ဆင္ စမ္းသပ္ခဲ့တာပါ။ Fitbits လက္ပတ္ေတြဟာ ေက်ာင္းသားေတြရဲ့ အိပ္စက္မႈကို 24/7 ေစာင့္ၾကည့္ဖို ့သံုးခဲ့တာ ျဖစ္ပါတယ္။

အိပ္ခ်ိန္ ၇ နာရီေက်ာ္တာခ်င္းအတူတူ မနက္ ၂ နာရီမွ အိပ္တဲ့ ေက်ာင္းသားေတြဟာ စြမ္းေဆာင္ရည္ က်ဆင္းခဲ့တာေတြ ့ရတယ္လို ့ဆိုပါတယ္။
” မနက္ ၂ နာရီ ေနာက္ပိုင္းက်မွ အိပ္ရာဝင္တယ္ဆိုရင္ ၇ နာရီ အျပည့္ အိပ္တာခ်င္းအတူတူ စြမ္းေဆာင္ရည္ က်ဆင္းသြားပါတယ္။ ဒါေၾကာင့္ ပမာဏက အေရးမၾကီးပါဘူး” လို ့ဒီသုေတသနမွာ ပါဝင္ခဲ့တဲ့ ေဒါက္တာ ဂေရာ့စ္မန္းက ဆိုပါတယ္။

Source: MIT

ဒီသုေတသနမွာပဲ ေက်ာင္းသူေတြဟာ အိပ္စက္မႈ အေလ့အထ ပိုေကာင္းလို ့အတန္းထဲက ေက်ာင္းသားေတြထက္ စာေမးပဲြေတြမွာ အဆင့္ေကာင္းေကာင္း ပိုရၾကတာ ျဖစ္တယ္လို ့ေဖာ္ျပထားပါတယ္။ တစ္နည္းအားျဖင့္ေတာ့ ေကာင္းမြန္တဲ့ အိပ္စက္မႈဓေလ့ဟာ ေက်ာင္းပညာေရးမွာ တစ္ေထာင့္တစ္ေနရာကေန အေရးပါေနတယ္လို ့ဆိုရမွာပါ။

[Unicode]

တစ်ညကို ၆ နာရီခွဲပဲ အိပ်ဖြစ်တဲ့ ကျောင်းသားတွေဟာ သူ့ထက် တစ်နာရီပိုအိပ်တဲ့ ကျောင်းသားထက် ရမှတ်နည်းဖို့၅၀% အလားအလာ မြင့်တယ်လို့ဆိုပါတယ်။

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က သုတေသီတွေ ပါဝင်တဲ့ အဖွဲ့ဟာ အိပ်ရေးမဝခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပွားခြင်းနဲ့ကျောင်းသားတွေ ရလဒ်ကျဆင်းခြင်းအပေါ် အထောက်အထားသစ်တွေ ရရှိဖို့လေ့လာခဲ့တာပါ။ လေ့လာမှုသိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုအရ တစ်ည ၆ နာရီခွဲပဲ အိပ်တဲ့ ကျောင်းသားတွေဟာ အိပ်ချိန် ၈ နာရီကျော်ရှိတဲ့ ကျောင်းသားတွေထက် အမှတ်နည်းဖို့၅၀% ပိုများတယ်လို့ဆိုပါတယ်။

Source: mattressadvisor

သုတေသနမှာ MIT အင်ဂျင်နီယာကျောင်းသားပေါင်း ၁၀၀ ပါဝင်ခဲ့ပြီး ဒီကျောင်းသားတွေမှာ Fitbits စမတ်လက်ပတ်တွေ ဝတ်ဆင် စမ်းသပ်ခဲ့တာပါ။ Fitbits လက်ပတ်တွေဟာ ကျောင်းသားတွေရဲ့ အိပ်စက်မှုကို 24/7 စောင့်ကြည့်ဖို့သုံးခဲ့တာ ဖြစ်ပါတယ်။

အိပ်ချိန် ၇ နာရီကျော်တာချင်းအတူတူ မနက် ၂ နာရီမှ အိပ်တဲ့ ကျောင်းသားတွေဟာ စွမ်းဆောင်ရည် ကျဆင်းခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။

Source: MIT

” မနက် ၂ နာရီ နောက်ပိုင်းကျမှ အိပ်ရာဝင်တယ်ဆိုရင် ၇ နာရီ အပြည့် အိပ်တာချင်းအတူတူ စွမ်းဆောင်ရည် ကျဆင်းသွားပါတယ်။ ဒါကြောင့် ပမာဏက အရေးမကြီးပါဘူး” လို့ဒီသုတေသနမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ဂရော့စ်မန်းက ဆိုပါတယ်။

ဒီသုတေသနမှာပဲ ကျောင်းသူတွေဟာ အိပ်စက်မှု အလေ့အထ ပိုကောင်းလို့အတန်းထဲက ကျောင်းသားတွေထက် စာမေးပွဲတွေမှာ အဆင့်ကောင်းကောင်း ပိုရကြတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့်တော့ ကောင်းမွန်တဲ့ အိပ်စက်မှုဓလေ့ဟာ ကျောင်းပညာရေးမှာ တစ်ထောင့်တစ်နေရာကနေ အရေးပါနေတယ်လို့ဆိုရမှာပါ။