ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ဟန်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကွီးတို့ရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုများထဲမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အပန်းဖြေနည်းလမ်းတွေကို တွေ့ရှိရပါတယ်။
စကိတ်စီးခြင်း
Source: yandex.ru
စကိတ်စီးခြင်းဟာ လူတိုင်းပြုလုပ်နိုင်တဲ့ အားကစားနည်းတစ်ခုမဟုတ်ပါဘူး။ လေ့ကျင့်မှုတွေများစွာ ရင်းနှီးမြှပ်နှံထားရတာဖြစ်ပါတယ်။ ခန့်ညားတဲ့အမျိုးသားအချို့က စတိုင်ကျကျစကိတ်စီးပြီး အပန်းဖြေတတ်ကြပါတယ်။
စစ်တုရင်ကစားခြင်း
Source: gawker.com
စတိုင်ကျတဲ့ကွီးတွေရဲ့ ထူးခြားတဲ့အပန်းဖြေနည်းတစ်ခုက စစ်တုရင်ကစားခြင်းပဲဖြစ်ပါတယ်။ စိတ်တည်ငြိမ်မှုကိုရရှိစေပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အတွက် ဦးနှောက်အပန်းဖြေနည်းတစ်ခုလည်းဖြစ်ပါတယ်။
မီးဖိုချောင်ထဲမှာချက်ပြုတ်ခြင်း
Source: Fantastic Man Magazine
အမျိုးသမီးတွေသဘောအကျဆုံး အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ စတိုင်ကျတဲ့အမျိုးသားတွေရဲ့ ထူးခြားတဲ့အပန်းဖြေနည်းတစ်ခုကတော့ အားလပ်ချိန်တွေမှာ အစားအသောက်ကောင်းတွေကို ချက်ပြုတ်ပြင်ဆင်တာပဲဖြစ်ပါတယ်။
Gym ကစားခြင်း
Source: Scentbird
ခေတ်မီစတိုင်ကျတဲ့ အမျိုးသားတွေရဲ့အကောင်းဆုံးအပန်းဖြေနည်းတစ်ခုကတော့ Gym ကစားခြင်းပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျစ်လစ်တောင့်တင်းမှုလည်း ရရှိစေနိုင်တဲ့အကျိုးရှိသော အပန်းဖြေနည်းတစ်ခုပဲဖြစ်ပါတယ်။