အမျိုးသားများအတွက် လန်းဆန်းတက်ကြွပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် မွှေးကြိုင်လတ်ဆတ်တဲ့ ရေမွှေးလိုအပ်ပါတယ်။ ရေမွှေးအမျိုးအစားကလည်း အများကြီးရှိနေတော့ ကိုယ်နဲ့သင့်တော်တဲ့ရေမွှေးကို ဦးစားပေးရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

L’eau D’Issey Pour Homme

Source: 11Street

၁၉၉၄ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပြီး သင်းပျံ့တဲ့ပန်းရနံ့၊ သစ်မွှေးရနံ့၊ လတ်ဆတ်တဲ့သံပုရာရနံ့စပြီး အမျိုးသားတွေနဲ့သင့်တော်တဲ့ ကြိုက်နှစ်သက်ရာရနံ့တွေကို ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးကြီးတဲ့ ရေမွှေးအမျိုးအစားဖြစ်ပေမယ့် တစ်နေ့တာလုံးအတွက် စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

CK One

Source: Fragrantica

နာမည်ကြီးရေမွှေးအမျိုးအစားတစ်ခုဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးနဲ့ပါ သင့်တော်ပါတယ်။ ၁၉၉၄ခုနှစ်မှာ စတင်ဖြန့်ချီရောင်းချခဲ့ပါတယ်။ CK one ရဲ့ထူးခြားတဲ့အမျိုးအစားတစ်ခုကတော့ ကတိုးရနံ့ရေမွှေးပဲဖြစ်ပါတယ်။ အဆီအနေနဲ့ရော၊ စပရေးအနေနဲ့ပါ ထုတ်လုပ်ဖြန့်ချီတဲ့အတွက် သုံးစွဲရတာ လွယ်ကူအဆင်ပြေစေပါတယ်။

Cool Water

Source: Le Parfumier

Cool Water ဆိုတဲ့အမှတ်တံဆိပ်ဟာ ယောက်ျားတွေရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ကိုယ်စားပြုတယ်လို့ တင်စားပြောဆိုရလောက်အောင် ထူးခြားကောင်းမွန်လှပါတယ်။ ၁၉၈၈ခုနှစ်မှာ စတင်ဖြန့်ချီရောင်းချပေးပြီး လန်းဆန်းတဲ့ရနံ့တွေနဲ့ အပြင်းစားဆွဲဆောင်မှုတွေကို ပေးနိုင်မှာဖြစ်တဲ့အတွက် အမျိုးသားများအတွက် လက်တို့ပေးလိုက်ပါတယ်။