ပိုလျှံနေတဲ့အဆီတွေကိုလျော့ချပြီး ကျစ်လျစ်သန်မာတဲ့ကြွက်သားတွေပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်တာပေါ့။ အားကစားခန်းမမှာ သင်တန်းဆရာနဲ့ နည်းစနစ်ကျတဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်တော့မယ်ဆိုရင် အောက်ပါအသုံးအဆောင်ပစ္စည်းတွေကို မပါမဖြစ်ယူဆောင်သွားဖို့လိုပါတယ်။

အားကစားဖိနပ်

Source: HiConsumption

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ သင့်တော်တဲ့အသုံးအဆောင်တွေကို သုံးစွဲပေးမှာသာ ခန္ဓာကိုယ်က နာကျင်မှုသက်သာမှာဖြစ်ပါတယ်။ ခြေထောက်က ခန္ဓာကိုယ်မှာအဓိကကျတဲ့အတွက် ခြေထောက်တွေနာကျင်ဒဏ်ဖြစ်စေလို့ မသင့်ပါဘူး။

သောက်ရေဘူး

Source: The Cheat Sheet

ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ မောပန်းပြီးရေဓာတ်ကလိုအပ်ပါတယ်။ အားကစားခန်းမမှာ သောက်ရေရှိပေမယ့် ကိုယ်ပိုင်ရေဘူးတစ်ဘူးဆောင်ထားခြင်းဖြင့် ကိုယ်လိုအပ်တဲ့အချိန်မှာ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

နာရီ

Source: The Verge

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နာရီတစ်လုံးကိုမဖြစ်မနေဆောင်ထားဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုနေတဲ့အတွက် လက်မှာပတ်ထားဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကိုယ်နဲ့အနီးဆုံးမှာထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အချိန်သတ်မှတ်ချက်တွေလိုအပ်တယ်လေ။

လေ့ကျင့်ခန်းအင်္ကျီ

Source: Best clothing design websites

ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ ပုံမှန်ဝတ်နေကျအင်္ကျီမျိုးနဲ့ လုပ်ဆောင်ဖို့မသင့်တော်ပါဘူး။ မှန်ကန်တဲ့လှုပ်ရှားမှုတွေကိုပြုလုပ်နိုင်ဖို့အတွက် သင့်တော်တဲ့အားကစားအင်္ကျီတစ်ထည်ကို ယူဆောင်သွားသင့်ပါတယ်။

လေ့ကျင့်ခန်းဘောင်းဘီ

Source: fitnessthrive.net

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကိုယ်လက်လှုပ်ရှားဖို့အတွက် အဆင်ပြေစေနိုင်မယ့် လေ့ကျင့်ခန်းဘောင်းဘီလိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေကို စနစ်တကျထိမိစွာ လုပ်ဆောင်နိုင်ဖို့အတွက် လှုပ်ရှားဖို့လွယ်ကူတဲ့ လေ့ကျင့်ခန်းဘောင်းဘီက အမှန်တကယ်လိုအပ်တဲ့ အသုံးအဆောင်ပဲဖြစ်ပါတယ်။