ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက် ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တွေလိုအပ်ပါတယ်။ အာဟာရဓာတ်တွေမျှတအောင် အစားအစာကိုရွေးချယ်စားသုံးသင့်ပါတယ်။ တခါတရံ ခန္ဓာကိုယ်အတွက်စားသင့်တဲ့ အစားအစာတွေက ကိုယ့်အကြိုက်နဲ့မကိုက်ညီတာတွေ ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် အာဟာရပြည့်ဝတဲ့အစားအစာတွေကတော့ သင့်ကိုခံတွင်းတွေ့စေနိုင်မှာပါ။

နန်းကြီးသုပ်စတိုင်

Source: bertyn.eu

နန်းကြီးသုပ်ဆိုပေမယ့် ရိုးရိုးနန်ကြီးသုပ်မဟုတ်ပါဘူး။ အသားနဲ့ခရမ်းချဉ်သီးတွေပါဝင်တဲ့ စားချင်စဖွယ်နန်းကြီးသုပ်ပဲဖြစ်ပါတယ်။ အသားနဲ့ခရမ်းချဉ်သီးပါတဲ့ နန်းကြီးသုပ်တစ်ပွဲမှာ ကယ်လိုရီ-၄၅၁ပါဝင်ပြီး ပရိုတင်းဓာတ် ၁၄ ဂရမ်ပါဝင်ပါတယ်။

ပဲနဲ့အသားစင်းကောကြော်

Source: Foodiful

ထမင်းမြိန်စေမယ့် ဟင်းကောင်းတစ်ခွက်ပဲဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာအသားကို အသုံးပြုနိုင်ပေမယ့် အမဲသားဆိုရင်တော့ ခန္ဓာကိုယ်အတွက် ပိုသင့်တော်ပါတယ်။ ပဲအသားစင်းကောကြော်ဟင်းတစ်ခွက်မှာ ၄၈၄ ကယ်လိုရီနဲ့ ပရိုတင်းဓာတ် ၁၂ ဂရမ်ပါဝင်ပါတယ်။

အာလူး၊ ပြောင်းဖူးနဲ့ တူနာငါး

Source: bellamysorganic.com.au

အထက်ပါ ဟင်းအမယ်(၃)မျိုးကို အသုံးပြုပြီး ဟင်းတစ်ခွက်ဖန်တီးကြည့်လိုက်ပါ။ အလွန်အရသာရှိပြီး စားမြိန်တဲ့ဟင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပြည့်ဝစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ အာလူး၊ ပြောင်းဖူးနဲ့တူနာငါးဟင်းလျာမှာ ၃၅၂ ကယ်လိုရီနဲ့ ပရိုတင်းဓာတ် ၁၃ ဂရမ်ပါဝင်ပါတယ်။

ပဲနဲ့ပေါင်မုန့်

Source: Evening Standard

အရသာအထူးကောင်းမွန်ပြီး ထူးခြားတဲ့နံနက်စာတမျိုးကတော့ ပဲနဲ့ပေါင်မုန့်ပဲဖြစ်ပါတယ်။ အံ့သြသွားပါသလား။ ပေါင်မုန့်ကိုမီးကင်လိုက်ပါ။ ပဲကိုပြုတ်ပြီး အနှစ်ဖြစ်အောင်ပြင်ဆင်လိုက်ပါ။ နောက်ပေါင်မုန့်မီးကင်ကို ပဲအနှစ်နဲ့သုပ်ပြီး အရသာရှိရှိစားသုံးလိုက်ပါ။ ထောပတ်တွေ၊ နို့ဆီတွေအစား ပဲအနှစ်ကိုအသုံးပြုလိုက်ပါ။ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အာဟာရဓာတ်တွေကို များစွာရရှိနိုင်ပါလိမ့်မယ်။