အခြားနိုင်ငံတွေမှာတော့ ရာသီဥတု ပြောင်းလဲမှုက တော်တော်သိသာပါတယ် နွေဦး နွေ ဆောင်းဦး ဆောင်းဆိုပြီး သူ့ရာသီအလိုက် အဝတ်အစားကို သတ်မှတ်ထားပါတယ်။ သို့ပေမယ့် ကျွန်တော်တို့နိုင်ငံမှာကတော့ ရာသီဥတုကသိသိသာသာကြီးကွာခြားတာမရှိတော့ နွေရာသီဖက်ရှင် ကိုပဲ နွေ မိုး ဆောင်း ဝတ်ပြီိး ချမ်းတဲ့အခါကျမှ အနွေးထည်တွေထုတ်ဝတ်ကြတာမျိုးပါ။

Source: Shutterstock

ပူအိုက်တဲ့ရာသီဥတုနဲ့ အထူးသင့်တော်တာကတော့ ပေါ့ပေါ့ပါးပါးရှိတဲ့ Outfit ကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နွေရာသီဖက်ရှင်တွေကို ဝတ်ဆင်တဲ့အခါမှ ဒီအချက်သုံးချက်နဲ့ ကိုက်ပြီးဝတ်ဆင်သင့်ပါတယ်။

Source: Shutterstock

ကိုယ့် Body Type ပေါ်မူတည်ပြီးသော်လည်းကောင်း ကိုယ့်ရုပ်ခံအရသော်လည်းကောင်း နောက်ဆုံးအချက်ကတော့ Occasion သွားလာမယ့် ပွဲလမ်းသဘင်နေရာ အနေအထားပေါ်မူတည်ပြီး စဉ်းစားသင့်ပါတယ်။ ဒီတော့ Stylish ဖြစ်စေမယ့် အမျိုးသားနွေရာသီဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံဥာဏ်လေးပေးချင်ပါတယ်။

Source: Shutterstock

ဖက်ရှင်ဒီဇိုင်းနာတွေရှိနေသ   ဖက်ရှင်ဒီဇိုင်း အသစ်အဆန်းတွေက အမြဲထွက်နေမှာပါ။ သို့ပေမယ့် ရိုးရှင်းတဲ့ အဖြူရောင် Tee ရယ် Jeans ဘောင်းဘီအတိုရယ်ကတော့ အပြင်ထွက်ရင် အသင့်တော်ဆုံး နွေရာသီဖက်ရှင်ပဲဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအရ Trend ဖြစ်နေတဲ့ နွေရာသီထက်ရှင်ကိုပြောပြရရင်တော့ T-Shirt ၊ Cardigans ၊ Jeans နဲ့ Shorts တွေပဲဖြစ်ပါတယ်။

Source: Shutterstock

Causal ထက်ပိုပြီး Stylish ဖြစ်ချင်တယ်ဆိုရင်တော့ Cotton Canvas ရှပ်အင်္ကျီ နဲ့ Jeans ကိုတွဲပြီးဝတ်ဆင်သင့်ပါတယ်။ အခုပြောပြပေးသွားတဲ့ Tips တွေက ဒီနိုင်ငံမှာဆို နွေရာသီအတွက်သီးသန့်မဟုတ်ပဲ…အချိန်မရွေးဝတ်ဆင်နိုင်လို့ ၁၂ ရာသီ အသုံးဝင်မှာ အသေအချာပါ။